Part-18🦋

882 127 19
                                    

Unicode ✅✅

ညနေရဲ့ လေပြေညှင်းငယ်က လူကိုလန်းဆန်းစေတယ်။
စိတ်ခံစားချက်တို့ပြင်းထန်နေသူအတွက်တော့ အနည်းငယ်မြူမှုန်မျှ‌တောင် စိတ်သက်သာရတော့ဖြစ်မလာခဲ့.....

Companyက အလုပ်ကိတ်စကြီးသေးမှန်သမျှကို အသက်၁၇အရွယ်ထဲက စတင်နားလည်စပြုအောင်အသေအလဲကြိုးစားခဲ့ရတယ် ထိုအချိန်မိဘနှစ်ပါးကတော့ သူတို့ပျော်ရွင်ရာ ကမ္ဘာကိုယ်စီနဲ့လေ။

အထီးကျန်ဆန်မှု့ကို ငယ်စဉ်ထဲကအတူမွေးဖွားလာဖို့ သတ်မှတ်ပေးတဲ့ ကံကိုပဲအပြစ်တင်မိတယ် ပျော်ရွင်မှု့ဆိုတာ တစ်စိုးတစ်စိမှုရမလာခဲ့ ရခဲ့ရင်တောင်တခနအတွင်းပျောက်ရှသွားတယ် မတည်မြဲဘူး....။

Companyကဆင်းလာသော လူကအရမ်းကိုပင်ပန်းနွမ်းလျနေတယ် နေလယ်က ထယ်ယောင်းပြောသောစကားကြောင့် စိတ်ထဲဝမ်းနည်းမှု့ဟာ အခုရုံးဆင်းချိန်ထိ စိတ်ထဲကြီးစိုးလျက်။

"ဟေးး ဂျောင်ကု ပြန်တာစောလှချီလား"

"အင်ဟုတ်တယ် ပင်ပန်းလို့နားချင်ပီ"

"Clubတက်မယ်လေ ဟိုမှာအလန်းလေးတွေရှ်ိတယ်"

"တော်ပီဟျောင့်ရေ နောက်နေ့မှပေါ့"

"နေပါအုံး မင်အခုတလောအိမ်ကိုအစောကြီးအစောကြီးပြန်နေတယ် ဂျီမင်းအပေါ်ထားတဲ့အပြုအမှုတွေကလဲမရိုးသားဘူး"

"ဘာကိုလဲဟ"

"မင်းမသိချင်အောင်ဆောင်မနေနဲ့ မင်းပတ်ဂျီမင်းကိုချစ်နေပီလား"

"မသိဘူးဟ ငါကချစ်နေပီထင်တယ် သူငိုနေရင်ငါ့ရင်ဘက်ထဲကတဆစ်ဆစ်နာကျင်တယ် သူပျော်ရွက်နေရင် ငါ့အရမ်းကိုကျေနပ်ပီတီဖြစ်မိတယ်"

"သေချာတယ် မင်းအကိုဂျီမင်းကိုချစ်နေတာပဲ အကိုဂျီမင်းသိရင်ပျော်နေတော့မှာပဲ"

"ဘာဆိုင်လို့လဲ "

"သူကမင်းကိုအရမ်းချစ်လွန်းလို့ မင်းအရင်ကအမြင်မကြည်တာ မုန်းတာကိုပါသည်းခံပီး အရမ်းချစ်ခဲ့တာလေ မင်းပြန်ချစ်နေမှန်သူသိရင် အရမ်းဝမ်းသာမှာပေါ့ဟ"

"ဪ အက်လိုလား ငါသွားတော့မယ်"

"ဒါဆို မင်းမမဟာအွန်းကို စိတ်ထဲမရှိတော့ဘူးလား"

မယုံကြည်ခဲ့သောအချစ်🦋(မယုံကြည်ခဲ့သောအချစ်🦋)Where stories live. Discover now