Part-17🦋

899 114 17
                                    

Unicode ✅✅

မနက်မိုးသောက်နေရောင်ခြည်ဟာ သိပ်ကိုနွေးထွေးလွန်းတယ် ကျွန်တော်လဲ တစ်စုံတစ်ဦးရဲ့ရင်ခွင်ထဲမှာရောက်နေသလို နွေးထွေးတဲ့ခံစားချက်မျိုးပဲ

"ဟင် ငါဘယ်လိုလုပ် ကူးငယ်ရဲ့ရင်ခွင်ထဲရောက်နေတာလဲ"

သိပ်ကိုကျယ်ပြန်ပီးနွေးထွေးလွန်းတယ် ခနတာဖြစ်ခဲ့သမျှ အရာရာကိုမေ့ပီးခိုအောင်းချင်မိသား ဒါမဲ့လဲ ခံစားချက်ကိုထိန်းချုပ်ကာကုတင်ပေါ်ကဖွဖွလေး ကူးငယ်မနိုးအောင်ဆင်ပီး အလုပ်သွာဖို့ပြင်ဆင်စရာရှိတာပြင်ဆင်နေလိုက်တယ်

အိပ်ယာနိုးတော့ ဘေးဘက်နေရာလွတ်ကို သတိထားမိကာ ညကအကြောင်းတစိုးတစိပြန်စဉ်းစားမိသေးသည်

သူလက်ညိုးထိုးပြတဲ့စာအုပ်စင်က albumလေးကိုဖွင့်ကြည့်တော့ ပထမဆုံးတွေ့လိုက်တဲ့ပုံက ကျွန်တော်အထက်တန်းပထနှစ်တုန်းကပုံလေးပဲ စာမျက်နှာတိုင်းမှာ အသက်အလိုက်ပြောင်းလဲလာပီး ပုံရိပ်ငယ်လေးတွေကလဲပြောင်းလဲလာတာပဲ

တချိန်လုံး အရိပ်တစ်ခုလိုအနားမှာလိုက်ပီး ရှိနေခဲ့တာ မသိခဲ့ဘူးတကယ်ကိုမသိခဲ့ဘူး ထိုအဖြစ်ပျက်များကိုစဉ်းစားမိတော့ မျက်ရည်ကြည်လေးဟာ albumအဖုံးလေးပေါ်သို့လှလှပပလေးကျဆင်းသွားတာ သိပ်ကိုအားနာမိသလို ဖြစ်ရတယ်

"Park Jiminခင်များကသိပ်ကိုအချစ်ကြီးချစ်တတ်တဲ့လူပါလား"

အိမ်အောက်ထပ်သို့ သာဆင်းလာခဲ့လိုက်တယ် ထမင်းစားခန်းမှာ ထိုင်စားနေသော လူဟာနတ်ဘုရားတစ်ပါးလိုသိပ်ကို တင့်တယ်လှတယ် နတ်ဘုရားလိုParkအိမ်တော်ရဲ့သခင်Park Jiminရဲ့အလှမှာ ဘယ်သူမဆိုနစ်မွန်းနေကြတာ ထူးဆန်းတဲ့အရာတော့မဟုတ်ဘူးလေ

"အကိုလေး ကျွန်တော်စားဖို့ပြင်လိုက်ရတော့မလား"

"အင် ပြင်လိုက်တော့"

မနေ့ညကငိုပီးရင်ထဲရှိသမျှကိုရင်ဖွင့်ထားတာကြောင့်မျက်နှာချင်းဆိုင်ရတာတောင်မျက်နှာပူ၍ရှက်နေရသည်မို့ ကူးငယ်လဲဆင်းလာကောစားလက်စကိုအမြန်အပြီးသတ်ကာ အလုပ်ကိုသာအလောတကြီးသွားခဲ့လိုက်သည်

မယုံကြည်ခဲ့သောအချစ်🦋(မယုံကြည်ခဲ့သောအချစ်🦋)Dove le storie prendono vita. Scoprilo ora