Part-25🦋

756 101 22
                                    

Unicode ✅✅

ညနေကျောင်းဆင်းချိန်ဖြစ်တာမို့ ဂျီငယ့်ကျောင်းရှေ့တွင် လာကြိုနေကြသော မိဘများနှင့်အတူ ကျောင်းဆင်းလာမဲ့ သားငယ်အားစောင့်နေလိုက်သည်

"ဂျီငယ် ပါပါးဒီမှာ"

"လာပါပီ ပါးပါး"

"သားဂျီငယ် နေမကောင်းဘူးလား ကိုယ်တွေနွေးနေတယ်ကော"

"အာ ဂျီငယ်တို့ ပါးပါးကော ဒယ်ဒီကောလာကြိုတာပဲ ဂျီငယ် သားရောင်စုံဗူးလေးမေ့ကျန်နေလို့ ဆရာမလာပေးတာ"

"ကျေးဇူးတင်ပါတယ် ဆရာမ"

"ဆရာမ ဂျီငယ်လေးမျက်နှာလဲမကောင်းဘူးဘာဖြစ်နေတာလဲဟင်"

"နေလယ်စာ စားပြီးချိန်ထဲက ကလေးကမူးနေတယ်ဆိုလို့ ဆေးပေးခန်း ဆေးစစ်ပေးထားပါတယ် သိပ်တော့စိတ်ပူးရာမရှိပါဘူး"

"အာ ဟုတ်ကျေးဇူးတင်ပါတယ်ဗျာ ဒါဆိုပြန်လိုက်ပါအုံးမယ် ခွင့်ပြုပါအုံး"

"ဟုတ်ကဲ့"

ဂျီငယ်ကတခြားကလေးတွေလို နေမကောင်းရင်ဇွတ်ကျပီး ငိုကာဆူပူသောင်းကျန်းတတ်တဲ့ကလေးမျိုးမဟုတ်ဘူး နေမကောင်းလို့ချင်ရင် သူ့ရဲ့ဝက်ဝံရုပ်လေးကိုဖတ်ပီးကုတင်ပေါ်မှာ မှိုင်မှိုင်တွေတွေလေး အိပ်နေကျရယ် သိပ်ကိုလိမ္မာတဲ့ ကလေးပါ

"သားဂျီငယ် ဆေးလေးသောက်လိုက်အုံးနော်ပြီးမှအိပ် "

"ဟုတ် ပါပါး"

ကလေးကိုဆေးတိုက်ကာ စောင်လေးသေချာခြုံပေးပီ မှောင်ရီစပြုနေတဲ့ ပြတင်းပေါက်ရဲ့အပြင်ဘက်ကောင်းကင်ယံကို ကြည့်မိလိုက်ချိန် ညနေကဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြီးက တဇွတ်ထိုးတိုးဝင်လာတာကြောင့် ဘေးကုတင်နားကအလုပ်စားပွဲခုံတွင် မျက်ခုံးနှစ်စုံရဲ့အစွန်းနှစ်ခုအား အပြိုင်အဆိုင်ထိခတ်နေပီး မျက်လုံးများက စိတ်ရှုပ်ဒေါသထွက်နေသယောင်

"ကူးငယ်"

"...."

"ကူးငယ်....ကူးငယ်"

"omm ပြောလေ"

"စိတ်..စိတ်ဆိုးနေသေးလားဟင်"

"..."

"ကူးငယ်ရယ်စိတ်မဆိုးပါနဲ့နော် ငါက မင်းကိုချစ်လွန်းလို့ လုပ်မိတာပါ"

မယုံကြည်ခဲ့သောအချစ်🦋(မယုံကြည်ခဲ့သောအချစ်🦋)Where stories live. Discover now