Unicode ✔️✔️
မိုးတွေသဲထန်စွာရွာနေသော ကားလမ်းမထက်ရဲ့အပြင်ဘက်မှာလဲ ဆိတ်ငြိမ်ခြင်းတွေနဲ့အတူ ကားထဲ၌ကောင်လေးငယ်သည်လဲ ဒေါသမီးတွေ တောက်လောင်နေသည်
"ပါ....ပါး"
အသံသေးသေးလေးဖြင့် မဝံ့မရဲခေါ်လာသော ဂျီငယ့်အသံလေးက တကယ်ကို တိုးတိုး လေးရယ်သာ
အရှေ့ခြမ်း ကားဒရိုင်ဘာရဲ့ဘေးဘက်တွင် ထိုင်နေသော ကူးငယ်သည်လဲ စိတ်ရှုပ်နေဟန်...
တခွန်းမှ ပြန်မထူးပဲ မျက်ဝန်းအိမ်တခုလုံးနီဆွေးနေပီး လက်သည်းအချင်းဟာလဲ ပွတ်တိုက်လျက် စုတ်ပြဲနေသည်
ကားသည် ခြံဝန်းထဲမိုးခြိမ်းသံအကျယ်ကြီးနဲ့အတူ ဝင်လာခဲ့သည်
"ဂျီငယ် မင်း ဒီကိုလာစမ်း"
"ဟုတ်..."
"ဘာကိစ္စ မင်းက ဘာလို့ သူများကိုသွေးထွက်သံယိုဖြစ်တဲ့ထိရိုက်ရတာလဲ ဟမ် ဂျီငယ် ပြောစမ် မင်း ဘယ်အတတ်ကောင်းတွေ တက်နေတာလဲ"
"မတတ်ပါဘူး ပါပါး ဟင့်... သူတို့က သားကို မင်းကမွေးစားသားလို့ခေါ်လို့ သားပြန်ရိုက်လိုက်တာပါ"
"ဘာ!!! "
ဖြောင်း!!!!
"အားး "
ကလေးငယ်အား အသာယာ အားမပါပဲ ထည့်ရိုက်ခဲ့ပေမဲ့ ဒေါသအရှိန်ဟာ ပြင်းလွန်းတာကြောင့် ရိုက်သံဟာ ကျယ်သွားခဲ့ပီး အချိုးရာလေးတောင် ထင်ကျန်လျက် ဂျီငယ်ခများလဲ ကျူသံပါအောင် ငိုတော့တာပဲ
"အဲ့လိုနဲ့ပဲ ရိုက်ပစ်ရရောလား ငါ့ဆီလာတိုင်ရမယ်လေ ငါ မင်းကို မဆုံးမထားဘူးလား ပြောစမ်!!!"
"ဟေ့ ပတ်ဂျီမင်း ကလေးကို ဘာကိစ္စဒီလောက်ကြီးရိုက်ရတာလဲ "
"မင်း သားလုပ်ပုံကောင်းသေးရဲ့လား"
"ဘာမဟုတ်တဲ့ကိစ္စနဲ့ မင်း ငါ့သားကို ဒီလောက်ထိရိုက်စရာ မလိုဘူး မင်းကို လာတိုင်တော့ကော မင်းက မင်းအမေရဲ့ သားလီယိုကို နိုင်မှာတဲ့လား မင်းအမေရဲ့ လေသံအောက်မှာပဲ မင်းအလူးအလဲ ပြန်ခံရမှာပဲလေ မင်းကိုပြောရင်လီယိုတို့ ဘာမှပြန်မလုပ်နိုင်မှန်းသိလို့ သူ့ဘာသာ ရိုက်ခဲ့တာ ဂျီငယ် မမှားဘူးကွ အသက်ကြီးပီး ၈နှစ်သား ကလေးငယ်လောက် အမေဆီမှာ လူရာမဝင်တဲ့ မင်းပဲ မှားတာ"
YOU ARE READING
မယုံကြည်ခဲ့သောအချစ်🦋(မယုံၾကည္ခဲ့ေသာအခ်စ္🦋)
FanfictionUnicode.... ချစ်ခဲ့ပါတယ်...ရင်နဲ့မဆန့်အောင်ချစ်ခဲ့ပါတယ် *Park jimin* အရင်လိုပြန်ချစ်ပေးပါလားhyungရယ် *Jeon JungKook* Zawgyi.... ချစ်ခဲ့ပါတယ်...ရင်နဲ့မဆန့်အောင်ချစ်ခဲ့ပါတယ် *Park jimin* အရင်လိုပြန်ချစ်ပေးပါလားh...