Unicode ✅✅
နေကြာငယ်ဟာ ပျော်ရွင်မှု့မှန်သမျှကို တနေ့ထဲနဲ့သိမ်းယူနေသလားလို့တောင်ထင်ရတယ် နေကြာခင်းထဲကအနမ်းတွေဟာ ရပ်တန့်သွားသည်မရှိပိုပိုပီး များပြားလာခဲ့တယ်
အသက်ရှုကြပ်လာရော ရင်ဘက်လေးကိုထုကာလွတ်ပေးဖို့တောင်းဆိုလာတာမို့ တခနတာအမောဖြေစေခဲ့တယ်
"Hyung အဆင်ပြေရဲ့လား"
အရမ်းမောနေတာကြောင့် ရင်ခွင်ထဲဝင်မှိန်းနေသော hyungအား စိတ်ပူစွာမေးလိုက်သည်။
"အင် အဆင်ပြေပါတယ် ကူးငယ်ရယ်"
"ကျွန်တော်စိတ်ကို အရမ်းအလိုလိုက်မိသွားတယ်"
"ရပါတယ် hyungရဲ့အရာအားလုံးကိုမင်းပိုင်ဆိုင်တာမို့ လိုသလိုယူပါ ကိုယ့်ကိုကိုယ်အပြစ်တင်စကားတော့မပြောပါနဲ့"
"ကျွန်တော်ကို အရမ်းချစ်တာပဲလား hyung"
"သိပ်ချစ်ရတာပေါ့ Jeon Jungkookဆိုတဲ့လူသားငယ်လေးကို ကလေးဘဝထဲက စွဲလမ်းနေမိတာ"
"hyung ထကျွန်တော်တို့ နေကြာပန်းခင်းကြီးနဲ့အတူ Selcaလေးရိုက်ရအောင်"
"အင် ရိုက်မယ် "
"hyung လှလှလေးပြုံးနော်"
"အလှဆုံးပြုံးထားမယ် ကူးငယ်လဲ ချစ်စရာအပြုံးလေးဖန်တီးထား"
"ကယ် ရိုက်မယ် 1 2 3 ချပ်"
သိပ်ကိုလှပလွန်းတယ် ဓာတ်ပုံတစ်ချပ်ရယ်ပါ နေကြာပန်းခင်းကြီးကိုနောက်ခံထားပီး အလှပဆုံးအပြုံးတွေနဲ့နေကြာငယ်ဟာ နေမင်းကြီးရဲ့နေဝင်ချိန်အလှကြောင့် အလှသွေးဟာ ပိုမိုတောက်ပနေသလို ထို့အတူ နှင်းစိုင်တွေလို့ဖြူစင်တဲ့အပြုံးတွေနဲ့တဖန်အေးချမ်းကာ ချစ်ရသူနေကြာငယ်ရဲ့ပါးပြင်ကို အသာအယာဖိကပ်နမ်းရှိုက်လိုက်တဲ့ ပုံလေးဟာ တကယ့်ကို လှပါတယ်ဆိုတဲ့အရာတွေထက် ပိုမိုလှပနေရောပဲ။
"ဝါးး သိပ်ကြည့်လို့ကောင်းတာပဲ ကူးငယ် hyung wallpaper Changeလိုက်ပီ ဒီမှာကြည့်လှလား"
"လှတယ် ဒါမဲ့..."
"ဟင် ဘာဖြစ်လို့လဲ"
"hyungလောက်တော့မလှဘူး အက်ပုံလေးက"
YOU ARE READING
မယုံကြည်ခဲ့သောအချစ်🦋(မယုံၾကည္ခဲ့ေသာအခ်စ္🦋)
FanfictionUnicode.... ချစ်ခဲ့ပါတယ်...ရင်နဲ့မဆန့်အောင်ချစ်ခဲ့ပါတယ် *Park jimin* အရင်လိုပြန်ချစ်ပေးပါလားhyungရယ် *Jeon JungKook* Zawgyi.... ချစ်ခဲ့ပါတယ်...ရင်နဲ့မဆန့်အောင်ချစ်ခဲ့ပါတယ် *Park jimin* အရင်လိုပြန်ချစ်ပေးပါလားh...