သင်တန်းကဆင်းသော် ချက်ချင်းဆိုသလို အိမ်သို့တန်းပြန်မလာဖြစ်ပဲ သင်တန်းကသူငယ်ချင်းများနှင့်သာ clubကို သွားခဲ့သည်။
အချိန်အတော်လင့်မှသာ အိမ်သို့ပြန်လာခဲ့သည် အိမ်ရောက်ရောက်ချင်း....
"အကိုလေး ဂျောင်ကု ပြန်ရောက်ပါပီလား"
"ပြန်ရောက်လို့ ခင်များရှေ့မှာတွေ့နေရတာလေ"
"ဟုတ်ကဲ့ ကောင်းပါပီခင်မျာ"
"ထမင်းစားမယ် အခုခူးပေး"
"ဟုတ်ကဲ့ "
ထမင်းစားဖို့ အားလုံးပြင်ဆင်ပီးသော် ပထမဆုံးတစ်လုပ်စားပီးသည်နှင့်တစ်ပြိုင်နက် စားပွဲကိုမှောက်ပစ်လိုက်ပါသော အကိုလေးဂျောင်ကုကြောင့် အံဩမှင်သက်သွားမိပါသည်...
"ပတ်ဂျီမင်း ဘယ်မလဲ အခုခေါ်ပေး "
"သခင်လေးက ပြန်လာထဲကနေမကောင်းလို့အိပ်နေပါတယ် အကိုလေးဂျောင်ကု"
"မလိုချင်ဘူး အခုသွားနှိုးပေး ငါ့ကိုထမင်းစားဖို့အခုလာပြင်ပေးလို့ပြောပီးသွားနှိုး အခုသွား!!!!"
"ဟုတ်ကဲ့အကိုလေး"
သခင်လေးထက်အကိုလေးဂျောင်ကုကိုပိုကြောက်ရသည်မို့ အများကြီးတွေးမနေတော့ပဲ သခင်လေးရှိရာအပေါ်ထပ်အခန်းစီသာ လာခဲ့လိုက်တယ်
သခင်လေးအကျင့်က ဘယ်တော့မှအခန်းတံခါးကိုလော့ချပီးမအိပ်တာပဲ အိပ်ခန်းတံခါးလေးဟာ ဟနေသည်မို့ ကုတင်အကြီးကြီးပေါ်တွင် ကလေးတစ်ယောက်သဖွယ်နှစ်ခြိုက်စွားအိပ်ပျော်နေသော လူသားကို ဘယ်နှိုးရက်ပါ့မလဲ အသက်ငယ်စဉ်ထဲက လူကြီးတစ်ယောက်လိုပြုမှုကာအေးတိအေးစက်နေတတ်ပီ အရာရာကို မဖြစ်ဖြစ်အောင်ကြိုးစားခဲ့တာကြည့်ပဲလေ
မနှိုးရက်ပေမဲ့လဲ အကိုလေးဂျောင်ကုအသံကိုအောက်ထပ်မှဟိန်းကနဲထွက်လာသည်မို့ တံခါးကိုသာအရဲစွင့်ပီးခေါက်လိုက်မိတယ်
ဒေါက် ဒေါက်
"သခင်လေး သခင်လေး"
ဒေါက် ဒေါက်
တံခါးကို အဆက်မပြတ်ခေါက်နေခဲ့သည် တကယ်ကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတယ်ထင်ပါရဲ့ အရင်က အိပ်ရေးပါးတဲ့လူသားဟာ အရမ်းပဲပင်ပန်းနေလို့လား အဆက်မပြတ်တံခါးခေါက်နေသည်ထိမနှိုးရအောင်.....
YOU ARE READING
မယုံကြည်ခဲ့သောအချစ်🦋(မယုံကြည်ခဲ့သောအချစ်🦋)
FanfictionUnicode.... ချစ်ခဲ့ပါတယ်...ရင်နဲ့မဆန့်အောင်ချစ်ခဲ့ပါတယ် *Park jimin* အရင်လိုပြန်ချစ်ပေးပါလားhyungရယ် *Jeon JungKook* Zawgyi.... ချစ်ခဲ့ပါတယ်...ရင်နဲ့မဆန့်အောင်ချစ်ခဲ့ပါတယ် *Park jimin* အရင်လိုပြန်ချစ်ပေးပါလားh...