Unicode ✅✅
အဖေ့ရောဂါကအခြေအနေပိုဆိုးလာတာမို့ နိုင်ငံခြားမှာကုသဖို့ပြင်ဆင်နေကြတယ် ကျွန်တော်လဲသူနဲ့ လက်ထပ်မယ်လို့ပြောပီးထဲက မမနဲ့လဲသွားမတွေ့ဖြစ်ဘူး မသွားခဲ့တာမမနဲ့မျက်နှာချင်းမဆိုင်ရဲခဲ့တာ
ကိုယ့်ကိုယ်ကိုမုန်းမိတယ် မေမေဒီလောက်ပင်ပန်းနေတာကိုမသိပဲနဲ့ဘဝကိုအေးအေးလူလူဖြတ်သန်းနေမိတယ် ဟိုလူကတော့လက်ခံလိုက်တယ်လို့ပြောပီးထဲကနေ့တိုင်းလာတယ် မေမေနဲ့ကတော့အဆင်ပြေနေတာပဲ
"ကူးငယ်~~"
"အင်"
"ဟျောင်းတို့ မင်္ဂလာဝတ်စုံသွားရွေးရအောင်လေ လက်စွပ်ပါတစ်ခါထဲ"
"ခင်များဘာသာရွေးပီးလုပ်လိုက်ပါဗျာ ကျွန်တော်ကမကြည့်တက်ဘူး မအားဘူး ဒီပွဲကိုအရမ်းပျော်လွန်းလို့လက်ခံလိုက်တာမဟုတ်ဘူးနော်"
ကူးငယ်ရဲ့စကားလုံးတိုင်းကမင့်ရင်ကိုတဆစ်ဆစ်နာကျင်လိုက်တာကူးကတော့ မပျော်ပေမဲ့မင်ကတော့ဒီလိုနေ့ကိုစောင့်ရတာကြာလှပေါ့~
"ဟင်....ကူးငယ်ရယ် လိုက်ခဲ့ပါနော် မင်တစ်ယောက်ထဲရွေးရင်ကူးမကြိုက်တာရွေးမိရင် နှစ်ခါမောနေရပါအုံးမယ် လိုက်ခဲ့ပါနော်"
"မလိုက်နိုင်ဘူးလို့ပြောပီးသားနော် ပီးတော့ကျွန်တော့်နာမည်ကူးငယ်မဟုတ်ဘူး
ဂျွန်ဂျောင်ကုဗျ ကူးငယ်လို့မခေါ်နက်
နားခါးလွန်းလို့""ဟုတ်...ပါပီ ကူးငယ်..မှားလို့ ဂျောင်.ကု"
ကြားထဲမှမေမေမှ မနေနိုင်ပဲဝင်ပြောမိတယ်
"သားငယ်ရယ် လိုက်သွားလိုက်ပါ သားမင်လေးပြောတာလဲမှန်နေတာပဲဟာ လိုက်သွားလိုက်ပါသားရယ် "
"မေမေကလဲသားကမှ..."
"သားငယ်!"
"ဟုတ်မေမေလိုက်သွားလိုက်ပါ့မယ်"
သားမင်လေးရဲ့မျက်လုံးတွေထဲမှာသားငယ်ကိုချစ်ခြင်းတွေအပြည့်ပါနေတာသူမသိပဲနေမလား သားသူ့ဖေဖေကိုညဘက်စောင့်ပေးခဲ့အချိန်တွေမှာလဲ သူပါအပြင်ကနေလိုက်စောင့်ပေးတယ် သားငယ်အိပ်ပျော်သွားရင်လဲစောင်လေးခြုံပေးပီးမှသူပြန်တယ် ဒါတွေကိုသားငယ်မသိခဲ့တာမို့ သားငယ်ဆိုးနေတာဆိုတာ သူမ ကောင်းကောင်းကြီးသိတာပေါ့
YOU ARE READING
မယုံကြည်ခဲ့သောအချစ်🦋(မယုံၾကည္ခဲ့ေသာအခ်စ္🦋)
FanfictionUnicode.... ချစ်ခဲ့ပါတယ်...ရင်နဲ့မဆန့်အောင်ချစ်ခဲ့ပါတယ် *Park jimin* အရင်လိုပြန်ချစ်ပေးပါလားhyungရယ် *Jeon JungKook* Zawgyi.... ချစ်ခဲ့ပါတယ်...ရင်နဲ့မဆန့်အောင်ချစ်ခဲ့ပါတယ် *Park jimin* အရင်လိုပြန်ချစ်ပေးပါလားh...