Part-21🦋

780 93 16
                                    

Unicode ✅✅

‌ဆောင်းဦးရဲ့လေပြေလေးဟာ ဂွမ်ဂျူမြို့မှာပိုပီးအေးချမ်းသလို ဆိုးလ်မြို့လို ကားတွေအရမ်းမရှုပ်တာမို့ တကယ်ကိုနှစ်လိုဖွယ်ရာအတိ။

မြို့အစွန်ဘက်ကဂေဟာလေးဖြစ်တာကြောင့် ဂေဟာဘက်ထိ ကားကဝင်လို့မရတာမို့ လမ်းထိပ်မှာသာကားကို ထားခဲ့ရသည်

ဂေဟာအတွက်လိုအပ်တာမှန်သလို မြို့အဝင်မှာထဲကအကုန်အစုံဝယ်လာသည်မို့ နှစ်ယောက်လုံးမှာ အထုပ်ကိုယ်စီအပြည့်နှင့်သာ

"အာ အကိုလေးတို့ရောက်လာပီပဲ"

"ဂေဟာမှူးဟာ နေကောင်းရဲ့လား"

"ကောင်းပါတယ်အကိုလေး အထဲမှာကလေးတွေအကုန်ရှိပါတယ်"

"ဟုတ် ဝင်တော့မကြည့်တော့ဘူး ဟိုဘက်လေးခနလျောက်ကြည့်ပီးမှ ဂေဟာမှူးဆီလာခဲ့ပါ့မယ်"

"ဟုတ် ရပါတယ် အကိုလေး"

မြို့အစွန်က ဂေဟာငယ်လေးဖြစ်တာမို့ ကွင်းပြင်ကျယ်ကြီးတွေက များပြားလွန်းတယ် ထို့အတူ ပန်းခင်းတွေကလဲ အတူပေါ့

ဟိုးဘက်က ပန်းခင်းကြီးဆီကိုတစ်ဖြေးဖြေးနဲ့လျောက်လာခဲ့လိုက်တယ် ဆောင်းဦးအစမှာကိုယ်ချစ်တဲ့သူရဲ့ လက်ကိုကိုင်ပီးပန်းခင်ကြီးဆီလျှောက်လှမ်းရတာက တကယ့်ကို နိဗ္ဗာန်သ‌ဖွယ်။

"ကလေးလေး ဘာလိုငိုနေတာလဲ"

မြေကြီးပေါ်မှာ ‌ထိုင်လျက်သားလေးအော်ငိုနေသော ကလေးငယ်အားကြည့်ပီး ဂျောင်ကုတစ်ယောက်အမြန်ပင်အပြေးအလွားသွားကြည့်မိတယ်

"ကလေးငယ် တိတ်တိတ် ဘာလိုငိုနေတာလဲ ကလေးပေါက်စလေး ရဲ့  ရော့ ဦးဦးဆီမှာ ချောကလက်လေးပါတယ်မလား"

ဂျောင်ကုဘေးနာလေးတွင် ကလေးရှေ့မှာ ဒူးထောက်လျက်ပုံစံမျိုးနဲ့ကလေးငယ်အားချော့မြူလာသူ

"ဟင့် ယူမယ် "

ရှိုက်သံပိစိလေးထွက်ကာ ချောကလက်အား ယူမယ်လို့ပြောလာသောကလေးပေါက်စ မျက်နှာပြင်တစ်ခုလုံးလဲ နှပ်တွေချွေးတွေသဲတွေနဲ့ ရောယှက်ကာ တကယ့်ကိုပေပွနေရော

"ရော့ အက်တာဆိုမငိုရဘူးနော်"

"ဟုတ် ဦးဦး"

မယုံကြည်ခဲ့သောအချစ်🦋(မယုံကြည်ခဲ့သောအချစ်🦋)Where stories live. Discover now