Part-7🦋

809 114 18
                                    


Unicode ✅✅

အချိန်တွေဟာ‌တရွေ့ရွေ့နဲ့ကုန်ဆုံးလာပါရောလား ကူးငယ်နဲ့ဟိုကောင်မလေးနဲ့တွဲတာတောင်၁ပတ်ပြည့်ပီ မင်ဒီအချိန်အတွင်းမှာ သည်းခံနေတာ ကူးငယ်ကိုချစ်လို့ အခုတော့ မင် ကူးငယ်ကိုပိုင်ဆိုင်ဖို့အတွက်စပီးအကောင်ထည်ဖော်ရမယ်

"မ ရေ လာသွားမယ် ဒီနေ့ ကျောင်းပိတ်ရက်လေ Dateကြမယ်နော်"

"ဟုတ်ပါပီ ကုကီရယ် သွားမယ်"

အချစ်ငှက်ငယ်လို့ဖြစ်နေတဲ့ကူးတို့အတွဲလဲထွက်သွားရော ကျွန်တော်ကူးအိမ်ကိုသွားခဲ့တယ် အိမ်တံခါးရှေ့ကဘဲလ်လေးကိုနှိပ်လိုက်ရင်း

*တင်းတောင် တင်းတောင်း*

ကူးငယ်ရဲ့မေမေထွက်လာတယ်
‌အန်တီကအရင်တိုင်းလှနေတုန်းပဲ အချိန်တွေကြာလင့်ခဲ့တာတောင်လှနေတုန်းပဲ

"သားဘယ်သူနဲ့တွေ့ချင်လို့လဲမသိဘူး"

"အန်တီကသားကိုမမှတ်မိဘူးနဲ့တူတယ်"

"ဟင် အန်တီကအသက်ရလာတော့သိပ်မမှတ်မိဘူးကွယ့် ဒါနဲ့သားက"

"လွန်ခဲ့တဲ့၁၀နှစ်တုန်းက ကစားကွင်းနားမှာငိုနေလို့အန်တီတို့အိမ်မှာခနလာနေခဲ့သေးတယ်လေ"

"ဪ ပါးဖောင်းဖောင်းလေးနဲ့ဆန်မုန့်လုံးလေးလား"

"ဟုတ်ကဲ့အန်တီ"

"သားကငယ်ရုပ်လေးမပျောက်သေးပေမဲ့အရင်တိုင်းချစ်စရာ‌လေးပဲ"

"ဟီးး ကျေးဇူးပါ အန်တီ"

"လာသား အထဲဝင်လေကွယ်"

"ဒါနဲ့သားလာရင်းကိစ္စက"

"အန်ကယ်ဆေးရုံတက်နေတယ်ကြားတယ် အဲ့တာအန်ကယ်ကသေချာဆေးကုထုံးတွေနဲ့ပြန်ကုရင်သက်သာလာနိုင်တယ်ဆို"

"ဟုတ်တယ်သားရေ မင်းအန်ကယ်ကလွန်ခဲ့တဲ့၅နှစ်လောက်ထဲကဆေးရုံရောက်နေတာ ကုလို့ရမှန်းသိပေမဲ့ အန်တီတို့လဲ စီးပွားကပျက်သွားတော့အခုချိန်ထိမကုနိုင်သေးတာ"

"အန်တီ ကျွန်တော်လေ ခွင့်တောင်းချင်လို့ အန်ကယ်ကိုရောဂါအရှင်းပျောက်တဲ့ထိကုသစရိတ်ကိုကျွန်တော်ထောက်ပံ့ပေးမယ် ကျွန်တော့်ကိုကူးငယ်နဲ့လက်ထပ်ခွင့်ပေးနိုင်မလား"

မယုံကြည်ခဲ့သောအချစ်🦋(မယုံကြည်ခဲ့သောအချစ်🦋)Where stories live. Discover now