ဒီနေ့ Hathor ရဲ့အတောင်ပံရောင်းဖို့အတွက် စကားပြောထားပြီးပြန်လာသည်
သစ်သားပုံးနဲ့အုပ်ထားတဲ့ အတောင်ပံ... ရှေးဟောင်းပစ္စည်းတွေကိုအမြဲထိတွေ့နေရပေမယ့် တခါမှစိတ်မဝင်စားခဲ့
အိမ်ခန်းရဲ့အလည်တည့်တည့်မှာနေရာအကြီးကြီး ယူထားတဲ့ ထိုသစ်သားပုံး အဲ့ဒီနတ်ဘုရား ရဲ့အတောင်ပံဆိုတာကို ဖွင့်ကြည့်ချင်နေတာ
သစ်သားပုံးပေါ်လက်လှမ်းလိုက်မိပြီးမှ လက်ကိုပြန်သိမ်းလိုက်သည် ငါနဲ့မှမဆိုင်တာပဲ
လှည့်ထွက်လာဖို့လုပ်နေပြီးမှ အထဲကနေအသံတခုကြားလိုက်ရသည်
'ဒုတ်'
နားကြားများမှားသလား နောက်တခါနားစွင့်ကြည့်မိတော့ ထပ်ကြားရပြန်သည်
'ဒုတ်'
မှန်ကိုခပ်ဖွဖွပုပ်နေသလို အသံမျိုး..
သစ်သားပုံးကိုဖယ်လိုက်တော့ ကြီးမားပြီး ဖြူဖွေးနေတဲ့ အတောင်ပံတစ်စုံကိုတွေ့သည်
မှန်ဘောင်ကိုတွန်းဖွင့်လိုက်သည်...
ဘယ်ကအသံမြည်နေတာလဲ?
ဖြူဖွေးနေတဲ့အတောင်တွေပေါ်ကိုလက်ရောက်သွားသည်..
ခပ်ဖွဖွပွတ်သပ်ကြည့်နေမိတော့ ကိုယ့်ရဲ့နူးညံ့နိုင်စွမ်းကို ကိုယ်တိုင်အံသြနေမိသည်
ဘယ်အရာကိုမှဒီလို နူးနူးညံ့ညံ့မထိတွေ့ဖူးဘူး မဟုတ်လား လက်ဖဝါးကိုထိတွေ့လာတဲ့ အမွှေးအတောင်များ... ပြီးတော့ အဲ့တာက လှုပ်တယ်...
"လှုပ်နေတယ် မဖြစ်နိုင်တာ.."
အဲ့ဒီအတောင်ပံကကျနော့်ရဲ့လက်တွေကို reaction ပေးနေသလိုမျိုး တုံ့ပြန်လိုက်တာ တချက်သာလှုပ်ခတ်သွားပေမယ့် ဒါကကျနော်အထင်မှားနေတာ မဟုတ်တာ သချာတယ်
စောနကကျနော့်လက်ဖဝါးကို ထိခတ်သွားတဲ့အထိအတွေ့ကို ခုထိခံစားနေရတုံး
"ဘာလုပ်နေတာလဲ ? မင်းဘာလို့ငိုနေတာလဲ"
Wang ကအလန့်တကြားမေးသည် သူပြောမှ ကျနော့်ပါးပြင်ပေါ်က မျက်ရည်စ တွေကိုစမ်းမိသည်"Hm.. ငါလဲမသိဘူး"
"မင်းနေမကောင်းဘူးလား"