Part 9

13.5K 2.2K 715
                                    

Nubian လူမျိုးတို့ရဲ့ရွာကိုရောက်ဖို့ စက်လှေတစီးငှားလိုက်သည်

ကျနော်တို့အဖွဲ့စက်လှေပေါ်တတ်လာလိုက်ပြီး Nubian ရွာသို့...

နေ့ခင်းအပူချိန်ကဘယ်လောက်တောင်မြင့်လဲဆိုတော့ Taehyung ရဲ့အသားရဲလေးတွေက ရဲရဲနီလို့...

နိုင်းမြစ်ပေါ်ကိုဖြတ်တော့ လေအေးအေးလေးတိုးဝင်လာသည်မျက်လုံးလေးမှိတ်ပြီး
"လန်းဆန်းသွားတာပဲ"

Chun "Cairo နဲ့မတူပဲ Aswan က Nile မြစ်က သန့်ရှင်းနေတာပဲ"

Chun နဲ့အတူစကားပြောရင်း သမိုင်းကြောင်းတွေအကြောင်းဆွေးနွေးနေသည်

သူနဲ့ယှဉ်ပြီး သမိုင်းကြောင်းတွေကိုဆွေးနွေးနိုင်တာမို့ သူကသဘောကျနေလေရဲ့

"မောင်- အဲ..."

ကျနော့်ကိုလွှတ်ခနဲ လှမ်းခေါ်ပြီးမှ ရပ်လိုက်တာ အဲ့ဒီအခါမှပိုဆိုးသွားသည်

Lu "ပြခန်းမှူး ကလေ အရင်က အရမ်းမာနကြီးတာ ဘယ်သူ့မှအကပ်မခံတဲ့ Type မျိုး အခုမှ ဘယ်လိုဖြစ်သွားတယ်ရယ်မသိပါဘူး"

"ဟုတ်လား ငါ့ကိုတော့ Love Potion ပေးပြီး-"

သူ့ကိုတော့တစက်မှအပြောမခံ လက်ညိုးလေးထိုးပြီး
"Oh!!!!! ဟိုမှာ ရောက်ပြီ Nubian ရွာ.."

Nile မြစ်ဘေးက ကုန်းမြင့်ပေါ်မှာတည်ထားတဲ့ Nubian ရွာ အဲ့ဒီရွာက တရွာလုံး သက်တန့်ရောင်စုံ ကာလာတွေသုပ်ထားကြတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Nile မြစ်ဘေးက ကုန်းမြင့်ပေါ်မှာတည်ထားတဲ့ Nubian ရွာ အဲ့ဒီရွာက တရွာလုံး သက်တန့်ရောင်စုံ ကာလာတွေသုပ်ထားကြတယ်

Chun "Nubian တွေက လွန်ခဲ့တဲ့ နှစ်၈ထောင်လောက်ကတည်းက Sudan ဘက်ကနေ စိုက်ပျိုးဖို့ဝင်လာတဲ့ လူမျိုးစုလေးတခု သူ့မှာကိုယ်ပိုင်ဘာသာစကားရှိတယ် အပြင်လူကလုံးဝမသင်ပေးဘဲ ရွာသားတွေပဲတတ်တယ်"

HATHORWhere stories live. Discover now