Part 6

15.4K 2.5K 244
                                    

ကျနော်ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ကျနော်ရဲ့အခြားတစ်ဖက်....

သူ... Hathor.. Kim Taehyung ကကျနော့်ရဲ့ရင်ခွင်ထဲမှာ...

ချစ်ခြင်းမေတ္တာအပြည့်နဲ့ နူးညံသိမ်မွေ့စွာကြည့်နေတဲ့မျက်လုံးလေး... အခုသူကျနော့်ကိုကြည့်နေသလိုပဲ ပြောင်းလဲမသွားဘူး..

ခုံပေါ်မှာလှဲနေတဲ့သူက ကျနော့်ကိုအကြည့်မပျက် သူ့မြင်ကွင်းထဲက အပျောက်မခံဘူး...

"မင်းနဲ့ထိတွေ့မူ့တစ်ခုရှိတိုင်း Hathor နဲ့ Horus ကိုမြင်ရတယ်.. သူတို့အကြောင်းကိုသိခွင့်ရတယ်"

"ဒါနဲ့ပဲ မင်းငါ့ကိုနမ်းရသလား... "

"ပိုပြီးသိနိုင်မယ်ဆိုရင်ပေါ့.. "

"မြင်ခဲ့တယ်..  မင်း.. Hathor ကို... "

သူကပြုံးပြီးကြည့်သည်...
"ဒီနေ့မင်းနားလိုက်တော့မလား ပင်ပန်းနေပြီမဟုတ်လား"

"မနက်ဖြန်ရော... နောက်နေ့ရော.. မင်းငါ့ဆီထပ်လာမှာလား..."

"မင်းကိုငါလာရှာမယ် စိတ်ချလက်ချ နားလိုက်ပါ"

Lucy က ရှုပ်ထွေးနေဟန် အကုန်လုံးကို လိုက်မှီအောင်ကြိုးစားတွေးနေပုံရသည်

"သူ့ကိုကြည့်ပေးလိုက်ပါအုံး သွားတော့မယ်"

Cairo ထိမပြန်တော့ဘဲ Wang ကိုဖုန်းခေါ်လိုက်သည်
"Wang Giza ကိုလာခဲ့ပေး"

"ဘာလို့လဲ မင်းငါ့ကိုပြမယ့် Item လား"

"ဆိုပါတော့.. "

"အေး လာခဲ့မယ်"

အဲ့ဒီအနီးနားက Hotel မှာ နေဖြစ်သည်

သူ့ကိုကာကွယ်ပေးရမယ်ဆိုတဲ့ ခံစားချက်က လွှမ်းမိုးနေတယ်.. 

ဒါကဘာမှန်းသေချာမသိရသေးတာတောင် သေချာပေါက် သူ့အနီးအနားမှာ နေရမယ်ဆိုတဲ့စိတ် ဖြစ်နေတာ..

ပထမဆုံးတွေ့တဲ့နေ့ ပထမဆုံးအကြည့်မှာ ကတည်းက မင်းဆီကတစုံတခုကို ခံစားခဲ့ရပြီးသား...

အဲ့ဒီအတောင်ပံတွေလှုပ်နေခဲ့တာသေချာတယ်..
မင်းရဲ့အတောင်ပံတွေက ငါ့ကိုမှတ်မိနေခဲ့တာ...

အဲ့ဒီအဖိုးတန်လေးတွေကို ဘယ်သူကဖြတ်ခဲ့တာလဲ...
ဘာလို့လဲ?

HATHORWhere stories live. Discover now