လက်မောင်းပေါ်ကိုခေါင်းအုံးထားပြီး ရင်ခွင်ထဲက Hathor ကအိပ်ပျော်နေရှာတယ်...မြင်နေလျက်နဲ့တောင် လွမ်းနေခဲ့ရပါသော Hathor ကိုမျက်နှာအစိတ်အပိုင်းတခုချင်းဆီကို ထိတွေ့မိသည်...
မင်းကိုသာမမှတ်မိခဲ့ရင် ဒုက္ခပါပဲ Hathor ရယ်... ဒီတခါတော့ ငါ့မှတ်ဉာဏ်တွေထဲကို စွဲကျန်နေခဲ့တဲ့အထိမှတ်ထားမယ်...
ဘယ်တော့မှမမေ့အောင် ကမ္ဘာဆုံးတဲ့အထိပေါ့... ထာဝရပေါ့...
***
အိပ်မက်တခု....စာအုပ်ထဲမှာအရုပ်တွေရေးခြစ်နေတဲ့ကိုယ်...
မောင်.. ကိုယ့်မှာအတောင်ပံတွေမရှိတော့ဘူးကွယ်...
ကိုယ်မောင့်ဆီကိုလာနိုင်ဖို့မသေချာတော့ဘူးနော်...
ရူးရူးမိုက်မိုက်နဲ့ မောင်ကိုယ့်ကိုစောင့်နေဦးမှာပဲလား?
ဒါမှမဟုတ် ကိုယ့်ကိုမုန်းများနေပြီလား...
လွမ်းတယ်.... သတိရတယ်ကွယ်...
မောင်သိပ်မျှော်လင့်ခဲ့ရတဲ့ မင်္ဂလာဆောင်...
ကိုယ်ကမင်္ဂလာအထိမ်းအမှတ်အနေနဲ့ သူလေးရှိနေတာကို ပြောပြပေးမလို့ပါ မောင်ရယ်...
မောင် သိမသွားခဲ့ရဘူး...
မောင်.. ကိုယ်လေ.. မောင်မရှိပဲအကြာကြီးခံတော့မယ်မထင်ဘူး...
သူလေးကိုတော့တခါလောက်တွေ့ချင်တယ်.. ကိုယ်မျှော်လင့်လို့ရသေးတယ်မဟုတ်လား...
မောင်ကိုယ့်ကိုအားပေးပါအုံးလား...
ခေါင်းပေါ်ကိုကိုင်မိတော့ လက်ထဲမှာပါလာတဲ့ ဆံချည်မျှင်တွေ...
ခပ်ဖွဖွပြုံးမိရင်း ကိုယ်သွားရတော့မယ်ထင်တယ်...
မောင်ရေ...စာအုပ်ကိုအပြီးသတ်ရေးပြီး အဆုံးသတ်လိုက်သည်
'ချစ်ခြင်းရဲ့ Hathor... ထာဝရပဲပေါ့...'"Hathor.. "
"အိုး.. Mesk.... "
ဝတ်ရုံထဲကနေထည့်ဖွက်လာတဲ့ ကလေးငယ်...
"သူလေးလား... သူလေးလားဟင်...""ဟုတ်တယ် Hathor ရဲ့သားလေးပါ.."
Mesk လက်ထဲကနေအသာပွေ့ဖက်လိုက်ပြီး
"ကျေးဇူးတင်ပါတယ်...မွေးဖွားလာပေးလို့....တောင်းပန်ပါတယ်ကလေးရေ... မင်းကိုကိုယ်တိုင်တောင် ဝမ်းနဲ့မလွယ်နိုင်ခဲ့ဘူး.. နောက်ကျရင်.. နောက်ဘဝကျရင် သားငယ်လေးပြန်လာပေးမယ် မဟုတ်လား.."