Valley of the kings
သဲကန္တာရရဲ့အလည် တောင်ကုန်းနှစ်ခုကြားမှာ ရှိတဲ့ဘုရင့်ကျောက်ဂူသင်္ချိုင်းများ....
Pyramid တွေထဲမှာထဲမှာ အသုံးအဆောင်ပစ္စည်းတွေ လက်ဝတ်ရတနာတွေထည့်သွင်းထားခဲ့သလိုပဲ ကျောက်ဂူထဲမှာလဲ အခေါင်းတလားကိုအခန်းတွေနဲ့အတူတူ ထည့်သွင်းမြှုပ်နှံထားခဲ့တယ်
တောင်ကြားရဲ့အရှေ့ခြမ်းမှာ ကျောက်ဂူပေါင်း ၆၀နီးပါး အရေအတွက်၆၀ ကျော်သောဘုရင်တွေက ဒီတောင်ကြားထဲမှာမြှုပ်နှံထားခဲ့တာ Pyramid တွေကိုမဆောက်တော့ပဲလေ
ကြည့်ရတာ ထင်ထင်ပေါ်ပေါ်မရှိနေစေချင်တော့လို့ထင်ပါတယ်
Lucy ကကြိုးစားပန်းစား မှတ်တမ်းတင်နေသည်
Chun "ဒီလောက် ဂူတွေအများကြီး Tutankhamen ရဲ့ဂူကိုဘယ်လိုရှာရမလဲ"
Chun ကကျနော့်အရှေ့ကနေဓာတ်မီးထွန်းပြီး လက်ကလဲ ကျနော်ရှိရာအနောက်ကိုကာထားပြီး သွားသည်
တကယ်တမ်းသူ့အရပ်ကကျနော့်ရင်ဘတ်လောက်ရှိတာ လူကြီးပေါက်စလေးလို ကျနော့်ကိုကာကွယ်ပေးနေသည်
"မင်းဘာသာ ကောင်းကောင်းလျှောက်ပါ"
အနောက်လှည့်ကြည့်ပြီး ဓာတ်မီးနဲ့ဟိုထိုး ဒီထိုးနဲ့ ဘာလုပ်နေတာမှတ်တာ သူ့အဖေကိုလှမ်းအချက်ပြနေတာ