Studio ထဲမှာ သူနေဖို့အခန်းရှင်းပေးလိုက်သည် သူ့ပုံရုပ်တုကိုကြည့်ပြီး
"ဒါကမပြီးသေးဘူးပဲ""အခုအပြီးသတ်လိုက်မယ်"
"ပင်ပန်းနေပြီမဟုတ်လား..."
"အဲ့လောက်လဲမဟုတ်ပါဘူး ခုံပေါ်မှာထိုင်လိုက်"
ခုံပေါ်မှာအသာထိုင်ပြီး ကျနော့်ကိုငေးကြည့်နေတဲ့သူ...
နာကျင်နေတဲ့မျက်ဝန်းတွေက ဒီနေ့မှပိုပြီးအသက်ဝင်နေတော့တာ...ရုပ်တုကိုအပြီးသတ်လိုက်သည်
"ရပြီ"သူကခုံပေါ်မှာမလှုပ်မရှက်ထိုင်နေဆဲ... သူ့ဆီကိုလျှောက်သွားလိုက်သည်
သူ့မျက်နှာဆီသို့တန်းတူဖြစ်အောင် ဒူးညွတ်ပြီးကြည့်လိုက်သည်
"ဘာတွေစဉ်းစားနေတာလဲ""မင်းကိုကြည့်နေချင်သေးလို့.."
ရှက်ပြုံးလေးပြုံးလိုက်တဲ့ Hathor... ဒီမြင်ကွင်းတွေက ထပ်ခါတလဲလဲဖြစ်ဖူးနေသလို Déjà vu အဖြစ်ခံစားလာရတော့တာ...
"Hathor ကိုနဲနဲပဲဖြစ်ဖြစ်မှတ်မိနေရင် ကောင်းမှာပဲ"
"ကိုယ်ကတော့ အခုအနေအထားကို သဘောကျတယ်
အရင်က မောင့်အပေါ်ကိုအမှားတွေလုပ်ခဲ့ရင် ဘယ်လိုလုပ်မလဲ""မောင်ကလုပ်ခဲ့ရင်ရော.."
Note စာအုပ်အညိုလေးကိုဖွင့်ပြီး လှန်လှောကြည့်ပြီး
"အိပ်မက်တွေကတစစီပြန့်ကျဲနေပေမယ့် တခုခုလဲပျောက်ဆုံးနေတုံးပဲ တခြားနတ်ဘုရားတွေအကြောင်းတွေကိုတော်များများသိရပေမယ့် Hathor နဲ့ Horus ကတော့ အစအနအဖျောက်ခံရတယ် တမင်သတ်သတ်လုပ်ထားသလိုပေါ့..
ကျိန်စာကလဲ နှစ်ပေါင်းထောင်ချီနေတာကို သက်ရောက်နေတုံး... ""တရားမဝင် ရောင်းဝယ်နေတဲ့ Field မှာ ပြောနေကျစကားတခုရှိတယ် 'အီဂျစ် ကိုသွားမရှုပ်နဲ့' ဆိုပြီးလေ အီဂျစ်ကနေ ရှေးဟောင်းပစ္စည်း ခိုးသွားတဲ့ German တစ်ယောက်က ကျိန်စာအတိုင်း ဖျားနာပြီးသေခဲ့တယ် ပြီးတော့ ဘုရင့်အခေါင်းတလားကိုဖွင့်ခဲ့တဲ့ Egyptologist(အီဂျစ် ကျွမ်းကျင်ပညာရှင်) တွေ ဘုရင့် Mummy ကို X rays လုပ်တဲ့ Raiologist(ဓာတ်မှန်ပညာရှင်)တွေ သေခဲ့တယ်လေ အခေါင်းထဲမှာရေးထားတဲ့ကျိန်စာထဲကအတိုင်း.. ပြီးတော့ Titanic သဘောင်္ အဲ့ဒီတုံးက Mummy ခေါင်းတလား ပါလာတယ်မဟုတ်လား သေဘာၤထဲမွာ.."