စာအုပ်စင်ပေါ်က စာအုပ်တစ်အုပ်ကို ယူပြီး စာအုပ်ဖတ်နေတဲ့ Jungkook ကဈေးလိုက်ပို့ဖို့ ထိုင်စောင့်နေတာ
ကျနော့် Studio ရဲ့မှန်ပြတင်းကနေ ကြည့်လိုက်ရင် Pyramid (ပိရမစ်)တွေကို မြင်နေရသည်
စာအုပ်လေးကိုချပြီး ပိရပစ်တွေဘက်ကိုကြည့်နေသည်
"ရောက်ဖူးလား ပိရမစ်တွေဆီ""ရောက်တော့ရောက်ဖူးပေမယ့် သေချာမကြည့်ဖြစ်ခဲ့ဘူး ဝမ်းနည်းစရာကောင်းတာမို့.. "
"ဘာလို့လဲ"
"ပိရမစ်တွေက ဖာရိုဘုရင်(အီဂျစ်ဘုရင်)တွေရဲ့ သင်္ချိုင်းမဟုတ်လား.. ခေါင်းတလားနဲ့အတူ အသုံးအဆောင်တွေ ကျောက်သံပတ္တမြားတွေကို ထည့်ပေးတယ် တမလွန်ဘဝမှာ အဆင်ပြေစေဖို့ပေါ့ တကယ်က အဲ့ဒါတွေမှမလိုပဲ... "
"ပိရမစ်တွေက နေနတ်ဘုရား Ra ကိုရည်ရွယ်ပြီး အလကလင်းတန်းဖျာကျနေပုံကို တည်ဆောက်ထားတယ် နေမင်းကြီးရှိတဲ့ ကောင်းကင်ဘုံကိုအရောက်လှမ်းမယ်ပေါ့ အဲ့ဒီအဓိပ္ပာယ်"
"နှစ်ပေါင်းထောင်ချီနေတာတောင် လူတွေကဘယ်တော့မှမပြောင်းလဲဘူး ကောင်းတာလုပ်မှ အပေါ်တတ်ရမယ်ဆိုတာကို မေ့ထားပြီး ကိုယ့်ကိုယ်ကိုယ်လှည့်စားချင်နေတယ်.."
"ကောင်းတာတွေအများကြီး လုပ်နေခဲ့တာလား.. ဆက်တိုက်.."
ဒီတရားမဝင်အလုပ်တွေကို လုပ်နေတဲ့Jungkook ကိုသိချင်တာမို့မေးလိုက်သည်"ကောင်းတာတွေလုပ်နေတယ်လို့ထင်တယ်.. အပေါ်ရောက်ချင်လို့တော့ မဟုတ်ပေမယ့်"
"ပိုက်ဆံတွေကိုဘယ်မှာသုံးကြလဲ"
ရှေးဟောင်းပစ္စည်းတွေကိုသာ တဖက်လှည့်နဲ့ရောင်းနေတာ သူတို့ညီအစ်ကိုတွေနေထိုင်မူ့က ပုံမှန်ပါပဲ"အငတ်ဘေးစိုက်နေတဲ့ဒေသတွေရယ် မိဘမဲ့ကျောင်းတွေရယ်မှာပေါ့... "
ပြောစရာစကားတွေ ပျောက်သွားခဲ့တော့တာ
"တော်လိုက်တာ.. မင်းကဘုရင်ပီသလိုက်တာ"သူကပြုံးပြီး
"ဟုတ်မယ် ဘုရင်ဖြစ်ခဲ့လို့နေမယ်
Chun ကိုခေါ်လာခဲ့တာ နှိပ်စက်နေတဲ့မိဘတွေဆီက... "Jungkook ဟာ ဘယ်သူမှထင်မထားရလောက်အောင် ကြင်နာတတ်ပြီး သိမ်မွေ့တဲ့ ယောကျာ်းတစ်ယောက်...
