EP3(U+Z)

3.8K 452 21
                                    

...EP3 မင်းဘယ်မှာလဲငါ့နှလုံးသား

..ဟယ်ကျစ်ရှုသည် သူ၏ တိုက်ခန်း သို့ရောက်ဖို့လှေကားကို တက်နေစဉ်မှာပင်
သူ့ခန္ဓာကိုယ်တစ်ခုလုံးသည်ပြင်းထန်စွာ
နာကျင်နေခဲ့သည်မှာ အရိုးတွင်းရှိ အပေါက်ငယ်များမှ ဆူးများစွာတိုးထွက်
နေသကဲ့သိူ့ ဖြစ်နေလေသည်။

သူသည် ယခင်က လွန်စွာမှပင်
သည်းခံနိုင်မှုရှိခဲ့သော်လည်း
ယခုတွင်မူ ထိုနာကျင်မှုသည်
သူ့ကိုယ်သူသတ်သေချင်လောက်
အောင်ပင်လွန်စွာဆိုးဝါးလွန်းလျက်ရှိနေသည်။

ဟယ်ကျစ်ရှုသည် သစ်ခွပန်းအိုးလေးအား
လက်ဖြင့်သေချာကိုင်လျက် ဝေဒနာကြားမှရုန်းကန်ကာအခန်းထိရောက်အောင်တက်လာရင်း အခန်းတံခါးဝသို့ ရောက်ပြီးနောက် မူးဝေနေသောကြောင့်ခတ္တမျှနံရံကိုမှီနေလိုက်သည်။ပြီးနောက်သော့ဖွင့်လျက် အခန်းတွင်းသို့ ဝင်လာခဲ့လေသည်။အခန်းတွင်းသို့ ရောက်ချိန်တွင်သစ်ခွပန်းအိုးလေးအား
စားပွဲတစ်ခုပေါ်တွင် နေရာချပေးပြီး
သူ၏ ခန္ဒာကိုယ်မှာ ချွေးစေးများဖြင့်
ရွဲနစ်နေသောကြောင့် ပြတင်းတံခါးဖွင့်ကာ
ပြင်ပမှဝင်လာသော လေအား အားရအောင်
ရှုရှိုက်လိုက်လေသည်။

သူသည်ကျောင်းသားဘဝထဲကပင်
ဖန်ပုလင်းလှလှလေးများကို စုဆောင်းရတာကိုကြိုက်နှစ်သက်ခဲ့သည်။သို့သော် ယခုတွင်မူ ထိုဖန်ပုလင်းလှလှလေးများသည်သူ၏ ဆေးများထည့်ရန် ပုလင်းလေးများအဖြစ်ရှိနေကြသည်။ ပုလင်းလေးများမှာတစ်ခုနှင့်တစ်ခုမတူညီသလိုထည့်ထားသောဆေးများမှာလဲ မတူညီဘဲရှိနေကြသည်။ထိုပုလင်းလှလှလေးများကြားတွင်ဖုံးကွယ်နေသော ကံဆိုးမှုများကို သူမှလွဲ၍ မည်သူမှမမြင်နိုင်သည်မှာအသေအချာပင်ဖြစ်လေသည်။

ဟယ်ကျစ်ရှုသည် ရေနွေးကျိုဖို့ကိုပင်
အလွန်ပင်ပန်းနေပြီဖြစ်သည်။
ထို့ကြောင့်ပင် ရေအေးတစ်ခွက်ဖြင့်သာ
ဆေးများကိုအလျင်အမြန်
မျိုချလိုက်လေသည်။
သူသည် နာကျင်နေမှုကြောင့်
အနည်းငယ်သက်သာစေရန်
အလို့ငှါ ဒူးပေါ်တွင် မေးစေ့ကိုတင်လျက်
အိပ်ရာပေါ်တွင်ထိုင်နေခဲ့သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now