EP75(U+Z)

1.8K 158 1
                                    

EP75မျှတမှု တစ်ခု

ဟယ်ကျစ်ရှု၏အခြေအနေက ပို၍ ဆိုးဝါးလာခဲ့သည်။ခေါင်းကိုက်ခြင်းဝေဒနာနှင့်အတူ
ကင်ဆာရောဂါ၏ လက္ခဏာများအားတစ်
ရက်ပြီးတစ်ရက်အသည်းအသန်ခံစားနေရ
သည်။သူ၏အရေပြားအောက်၌သွေးယိုစီး
ခြင်းကြောင့် အကျိတ်များက ပိုမိုတိုးပွားလာခဲ့သည်။

အိုက်ကျိယွီ ကျစ်ရှုကို မထိရက်ဘူး။
ကျစ်ရှုအတွက်ရင်တွေလဲနာနေလျက် နှလုံးသားတွေပင် ကွဲကြေမတတ်ခံစားနေရသည်။ကျစ်ရှုက သူစိတ်ပူမှာစိုးလို့ ၊သူ့ကို ဒုက္ခမများစေချင်လို့ သူမည်မျှနာကျင်နေပါစေ ကြံကြံ့ခံလျက် ကျိယွီအားမပြောဘဲရှိနေခဲ့သည်။

အိုက်ကျိယွီ၏ပုံမှန် လုပ်ရိုးလုပ်စဥ်ကကျစ်ရှု အိပ်ပျော်သွားတဲ့အခါမှ သူအိပ်မယ်။
ကျစ်ရှု အကြောင်းတစ်ခုခု ရှိလို့ နည်းနည်းလေးလှုပ်လာတာနဲ့ သူချက်ခြင်းနိုးလာမယ်။
ကျစ်ရှုကိုပြန်ချော့သိပ်မယ်၊ဒီနေ့ ညတွင်ရုတ်တရက် သူနိုးလာချိန်တွင် ကျစ်ရှု အိပ်နေရင်း ငိုနေသည်အား သူတွေ့လိုက်ရသည်။
နဖူးပြင်တွင်ချွေးများဖြင့် စိုရွဲ့နေပြီးခပ်တိုးတိုးလေးငြီးနေခဲ့သည်

"ငါ ...ငါ အရမ်း ခံစားနေရတယ်"

ကျစ်ရှုက သူ့အိပ်မက်ထဲက စကားများအား
မသဲမကွဲပြောနေချိန်တိုင်း ကျိယွိအရမ်းပင်ခံစားနေရသည်။ဖြစ်သမျှအရာအားလုံးအား
လွှဲပြောင်းယူလို့ရပါက သူပြောင်းယူချင်မိ
သည်။ကျိယွီ အိပ်ရာဘေးသိူ့ အနည်းငယ်တိုးကာလှည့်လိုက်ကာ ကျစ်ရှုအား ပြန်ပြောလိုက်သည်။

"ကျစ်ရှုရေ ကောင်လေး ကိုယ် မင်းဘေးမှာရှိတယ်နော် ...အကုန်ပြီးသွားလိမ့်မယ်နော်
ဘာမှစိတ်မပူနဲ့ ...ကိုယ်ရှိတယ်နော်"

ကျစ်ရှုက ကျိယွီ ၏ခါးကိူ ပို၍ တင်းကြပ်စွာဖက်လာကာ ရင်ခွင်ထဲတိုးဝင်လာခဲ့သည်။
ကျစ်ရှု နဖူးလေးများက ပူခြစ်နေသည်။
မျက်ရည်များက ညဝတ်အကျီ ပေါ်ကိုပင်
ရွှဲနစ်လာနေသည်။ကျစ်ရှု ညကြီးသန်းခေါင်အဖျားတက်ပြန်ပြီ ဖြစ်သည်။

အိုက်ကျိယွီ ရေပတ်ဝတ်ယူရန် အိပ်ရာမှထလိုက်စဥ် ကျစ်ရှုက သူ့အား တင်းတင်းကြပ်ကြပ်ပင်ဖက်ထားခဲ့သောကြောင့် ထွက်ခွာရန် ခက်ခဲနေခဲ့သည်။ကျစ်ရှုက တိုးတိုးလေး အော်နေခဲ့သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now