EP30အခုချိန်မှာမင်းနဲ့ပတ်သက်ပြီး
..ကျစ်ရှုသည် ထိုအချိန်က ရှည်လျားသောအိပ်မက်ရှည်လေးတစ်ခုကို မက်ခဲ့လေသည်။
သူသည် မြေဖြူမှုန်များလေထုထဲတွင်
ကျဲ ပြန့်နေသော စာသင်ခန်းထဲတွင်ရှိနေကြောင်း တွေ့လိုက်ရခဲ့ရင်းကောင်လေးတစ်ဦးက ကျောင်းလွယ်အိတ်လေးအား
ပခုံးပေါ်တင်လျက် သူပြန်အလာကို
အိမ်မှစောင့်နေခဲ့လေသည်။
အဖော်မဲ့သော ပန်းပွင့်လေးအဖြစ်သာ
ကျန်ရစ်ခဲ့ရသော အဖိုးခြံမှ ပန်းခင်းများနှင့်အတူအဖိုးဆုံးပါးခဲ့ရသောနေ့တွင် စိတ်ဓာတ်များကျဆင်းလျက် ဆေးရုံစကြ်တွင်ရပ်နေခဲ့ရင်း မျက်လုံးများမို့အစ်ကာ ဖြူဖျော့သည်အထိ ငိုကြွေးခဲ့ရသည်။အချိန်များစွာကြာမြင့်လာချိန်တွင်
ကျောင်းလွယ်အိတ်လေးကိုလွယ်လျက်
အိမ်ပြန်လာခဲ့သောကောင်လေးသည်
ဟယ်ကျစ်ရှုဖြစ်လာခဲ့ပြီး သူ့ကိုစောင့်ကာ
ဖေးမခဲ့သော ကောင်လေးတစ်ယောက်၏
အချိန်မဟုတ်သော အိမ်ပြန်လာချိန်များ
ပြန်မအိပ်သောညများက ရဲ့ ပဲ့ကိုင်သူကကျန်းဝမ်ရွှီ ဖြစ်လာခဲ့လေသည်။
ယခုတော့မူ ပန်းခင်းကြီးလဲ မရှိတော့သလို
ပန်းတွေလဲညိုးနွမ်းလျက်ပန်းများကိုပင် အသစ်ပြန်လည်ပျိုးထောင်ရန်ကြိုးစားမနေကြတော့ဘဲ အချစ်တွေလဲပျက်သုန်းစေခဲ့လျက်ပင် ။ဟယ်ကျစ်ရှုသည် အိပ်မက်မှ
နိုးထလာချိန်တွင် အပြင် လောကတွင်
အတော်ပင် မှောင်မိုက်နေလျက်ရှိနေသည်
ကိုတွေ့လိုက်ရသည်။သူသည်
အနည်းငယ် မူးဝေနေလျက်
အိပ်ခန်းတံခါးအားတွန်းကာ အပြင်သို့
လျှောက်ထွက်လာခဲ့လိုက်သည်။
ဧည့်ခန်းထဲတွင် အလင်းရောင်တို့ ရှိမနေဘဲ
ထိုအစား မီးခိုးငွေ့များသာ ပြည့်နှက်လျက်
ရှိနေခဲ့သည်။ ကျန်းဝမ်ရွီသည်
ပြတင်းတံခါးနားတွင် မတ်တပ်ရပ်လျက်
ဆေးလိပ်များသောက်နေသည်ကို
တွေ့လိုက်ရလေသည်။စီးကရက် မီးစလေးသည်အမှောင်ခန်းထဲတွင် ရဲတောက်စွာ
လောင်ကျွမ်းနေခဲ့ပြီးပြာခွက်ထဲတွင်ပင်
ဆေးလိပ်ပြာအချို့က ပြည့်နေလျက်
ရှိနေခဲ့လေသည်။"မင်းကိုငါ ဆေးလိပ် ဖြတ်ဖို့
ပြောထားတယ်လေ "ဟယ်ကျစ်ရှုသည် ဒေါသသံတချို့ဖြင့်
တချက်မျှ ပြောလိုက်သည်။
YOU ARE READING
ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔
Romance..Myanmar Translation of The Ten Years that I loved You Most COO ..81Chapters +5extras Original Author 无仅死 Publish by jjwxc Publish date .10.9.2019 ဒီnovel လေးက မူရင်း chinese ကေန ဘာသာပြန်ဆိုထားတာမို့ ဖတ်ရတာအဆင်မပြေခဲ့ပါလျှင် က်မ xio hua ၏ တာဝန...