....EP 23 ချစ်စရာခွေး လေး
ဟယ်ကျစ်ရှု နိုးလာချိန်တွင် သူမသိသော
သူနှင့်မရင်းနှီးလာသောနေရာတစ်ခုတွင်
ရှိနေခဲ့သည်ကို သူတွေ့လိုက်ရသည်။ သူ၏ အဖျားကမူ ကျသွားပြီဖြစ်သော်လည်း
ခန္ဒာကိုယ်မှာမူ ပင်ပန်းနေဆဲဖြစ်နေသည်။ဟယ်ကျစ်ရှုသည် ထထိုင်လိုက်ရင်း
သူရောက်ရှိနေသောပတ်ဝန်းကျင်အား လေ့လာလိုက်မိသည်။သူ့ဖုန်းတွင်
ဒေါက်တာအိုက်၏ အကြိမ်များစွာ
ပြန်ခေါ်ထားသောဖုန်းcallများက
ဆယ်ချီထက်မနည်း တွေ့လိုက်ရသည်မို့
ဒီတကြိမ်တွင်လည်း အိုက်ကျိယွီအား
သူဒုက္ခပေးလိုက်မိပြန်ပြီကို
သိလိုက်ရလေသည်။ပတ်ဝန်းကျင်ကို ကြည့်လိုက်မိရာတွင်သလင်းရောင်မျက်နှာကျက် နှင့်အတူအနက်ရောင် အဖြူရောင်နှင့်မီးခိုးတို့ဖြင့် အချိုးကျရောစပ်ကာ အလှဆင်ထားသောအိပ်ခန်းက အလွန်ပင်ရိုးရှင်းသော်လည်းတနည်းတမူ အေးချမ်းခေတ်မီကာနေချင်စဖွယ်ပင်ဖြစ်နေခဲ့လေသည်။
လေသာခန်းဘေးရှိ ပြတင်းပေါက်
အနီးတွင် မှန်ခန်းရှည် တခု ကိုတွေ့ရပြီး
ထိုထဲတွင် အဆင့်ဆင့်သောမော်ဒယ်နိမ့်မြင့်မျိုးစုံပုံစံများစွာသောရောင်စုံ
ပြိုင်ကားလေးများကို တံဆိပ်မျိုးမျိုးဖြင့်
ထိုမှန်ခန်းလေးတွေထဲတွင် ပြည့်နေလျက်
တွေ့လိုက်ရသည်။ ထိုမှန်ခန်းလေးကို
ကြည့်ရုံမျှပင် ဤ အိမ်ပိုင်ရှင်၏
ဝါသနာက ကားများကိူ အထူးသဖြင့်
ပြိုင်ကားလေးများကို စုဆောင်းတတ်သည့်
ဝါသနာရှိသူဟု သိနိုင်ပေသည်။ဒါက ဆရာဝန်တစ်ဦး၏
ဝါသနာနှင့် စုဆောငျးမှုမျိုးပေါ့ ဟုတွေးရင်းဟယ်ကျစ်ရှုသည် မရယ်ဘဲမနေနိုင်ဖြစ်နေခဲ့မိသည်။သူသည် အိပ်ရာပေါ်မှထလိုက်ရင်း မှန်ပြတင်းမှတဆင့် ပတ်ဝန်းကျင်အားစပ်စုနေချိန်တွင် အိပ်ခန်းတံခါးလေးသည်
ခပ်ဖွဖွလေး ပွင့်ဟလာသည်ကို တွေ့လိုက်ရသည်။သို့သော် အထဲဝင်လာသူမရှိသည်မို့
ထိုခဏ၌ ထူးဆန်းနေလျက်ဟယ်ကျစ်ရှုသည်သိလိုစိတ်ပြင်းပြနေရင်း တံခါးနောက်မှပေါ်လာမည့်အရာအား စူးစမ်းနေမိခဲ့လေသည်။ထိုအချိန်တွင် အိုက်ကျိယွီသည်
တံခါးကို ဖြေးဖြေးလေးဖွင့်လာနေပြီး
အခန်းထဲသို့ကြည့်သောအခါ
ဟယ်ကျစ်ရှုကို အိပ်ရာပေါ်တွင်
မတွေ့ရသည်မို့အိပ်ရာမှထနေပြီဟုထင်မည်ဖြစ်ပေသည်။ဟယ်ကျစ်ရှုသည် အိုက်ကျိယွီ ၏ ပုံစံအားတဖက်မှကြည့်နေမိရင်း
ဘာကြောင့်ပင်ဒေါက်တာတစ်ယောက်သူအိမ်ထဲမှာခိုးကြောင်ခိုးဝှက်လုပ်နေပါလိမ့်ဟုပင်
သူ့ဘာသာ စိတ်ထဲ၌ တွေးနေခဲ့လိုက်သည်။
YOU ARE READING
ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔
Romance..Myanmar Translation of The Ten Years that I loved You Most COO ..81Chapters +5extras Original Author 无仅死 Publish by jjwxc Publish date .10.9.2019 ဒီnovel လေးက မူရင်း chinese ကေန ဘာသာပြန်ဆိုထားတာမို့ ဖတ်ရတာအဆင်မပြေခဲ့ပါလျှင် က်မ xio hua ၏ တာဝန...