EP32မင်းကိုချစ်ခဲ့တာအဖြူထည်ပါ
..ကျစ်ရှု၏ မျက်လုံးများသည် အံ့အားသင့်မှုကြောင့် ဝိုင်းစက်နေလျက် ။သူကတုန်လှုပ်မှုကြောင့် အိုက်ကျိယွီ၏အနမ်းများအောက်မှ ရုန်းထွက်ဖို့ကိုပင်မေ့နေခဲ့မိသည်။
အိုက်ကျိယွီ၏ လျှာဖျားတစ်ခုသည်သူ့ပါးစပ်တွင်းသို့ ချဥ်းနင်းဝင်ရောက်လာသည်ဟုခံစားလာရသည့်အခါမှသာတချက်သတိဝင်လျက် သူကိုက်လိုက်မိလေသည်။အိုက်ကျိယွီကျစ်ရှုကို လွှတ်ပေးလိုက်သည်။သူ၏ ခံတွင်းအတွင်းစစ်ကနဲ ဖြစ်သွားသောနာကျင်မှုနဲ့အတူသွေးစလေး၏ အရသာက သူ့အားပြန်၍ သတိဝင်လာစေသောကြောင့်
ဖြစ်လေသည်။ သူသည် ကျစ်ရှုအား တောင်းပန်ရမလား သို့မဟုတ်သူငယ်ချင်းတစ်ယောက်လိုနှစ်သိမ့်ရမလားဝေခွဲမရဘဲရှိနေခဲ့လေသည်။သို့သော် အိုက်ကျိယွီသည် တိုးလျဖျော့တော့ကာဆွံအနေလျက်ရှက်ရွံစွာဖြင့်သာ ကျစ်ရှုအားမဝံ့မရဲ ဖြင့်ကြည့်နေခဲ့ရလျက်ရှိနေခဲ့လေသည်ပင်။"ကျစ်ရှု "
အိုက်ကျိယွီသည် ကျစ်ရှုအားတိုးလျစွာ
ခေါ်ရင်းကျစ်ရှု၏လက်အားထပ်မံ၍
ဖမ်းဆုပ်ထားလိုက်သည်။ သို့သော်
ကျစ်ရှုသည် သူ့လက်မှရုန်းထွက်သွားပြီးနောက် သူမထင်မှတ်ထားသော
သူ့၏မျက်နှာအား ကျစ်ရှုမှလက်ဖြင့်ရိုက်ချလိုက်ခြင်းဖြစ်လေသည်။ထို့နောက်သူ့အားတွန်းဖယ်ကာ အခန်းတံခါးအားဖွင့်လျက်
ထွက်သွားဖို့ ပြင်လေသည်။အိုက်ကျိယွီသည် ကျစ်ရှု၏ လက်ကောက်ဝတ်အား နောက်မှဖမ်းဆုပ်ထားလိုက်ရင်း ပြောလာသည်။
"ဟုတ်ပါတယ် ..ကိုယ့်အမှားပါ
ကိုယ်မှားပါတယ်... ဒါပေမယ့်,အခု မင်း ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကကောင်းတာမဟုတ်ဘူး....ဒါကြောင့်အခန်းထဲပြန်လာပြီး
နားနေလိုက်ပါနော် ...ကျစ်ရှု "ကျစ်ရှုသည် နှုတ်ခမ်းများအားဖိကိုက်ကာ
သူ့၏လက်အား ရုန်းထွက်ဖို့ ကြိုးစားနေခဲ့လေသည်။ အိုက်ကျိယွီသည် သူ့အားကျစ်ရှုက မုန်းသွားပြီလားဟုသော အတွေးတို့ဖြင့်ထိတ်လန့်နေရင်း ကျစ်ရှုထွက်သွားမည်ကို
စိုးရိမ်သောကြောင့်လွှတ်မပေးဘဲဆွဲထားမိလျက် ရုန်းရင်းဆန်ခတ်အခြေအနေသို့
ရောက်လာသည်ဟုပင်ထင်မိလာသည်။
သို့သော်ကျစ်ရှုအရမ်းနာကျင်မည်စိုးသောကြောင့်ယောင်ယမ်းကာ လွှတ်ပေးမိရင်း
အခန်းထဲမှ ထွက်သွားသော ကျစ်ရှု၏
ကျောပြင်အားကြည့်နေလိုက်မိသည်။
သူသည် ယနေ့တွင် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ရှိနေလျက် သူဦးနှောက်များသည် ကျစ်ရှုကြောင့်ပင်ထိန်းချုပ်
မရဘဲရှိနေခဲ့ရသည်။
YOU ARE READING
ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔
Romance..Myanmar Translation of The Ten Years that I loved You Most COO ..81Chapters +5extras Original Author 无仅死 Publish by jjwxc Publish date .10.9.2019 ဒီnovel လေးက မူရင်း chinese ကေန ဘာသာပြန်ဆိုထားတာမို့ ဖတ်ရတာအဆင်မပြေခဲ့ပါလျှင် က်မ xio hua ၏ တာဝန...