EP39(U+Z)

2.5K 301 11
                                    

EP39 မဖိတ်ခေါ်ဘဲလာသည့်ဧည့်သည်

.ကျစ်ရှုသည် မနက်စောစောမိုးမလင်းသေးခင်ကပင်နိုးနေခဲ့လေသည်။ပြတင်းပေါက်အပြင်အား ကြည့်လိုက်ချိန်၌ လမ်းမီးများနှင့်
ဆိုင်များရှိ မီးများကမူ လင်းထိန်နေဆဲပင်
ရှိနေသည်။ ဟယ်ကျစ်ရှုအိပ်မပျော် ခဲ့သည်မှာကြာခဲ့ပြီဖြစ်လျက်အိပ်မပျော်သည့်ရောဂါကမူ အလေ့အကျင့်လို ဖြစ်လာခဲ့သည်။ အိပ်ပျော်ပြီးနောက်မကြာခဏ နိုးလာလျက် တဆက်တည်းပင်သုံးနာရီလေးနာရီမျှကြာအောင်အိပ်လို့မရဖြစ်လာခဲ့သည်။

ကျစ်ရှုသည် ရေချိုးခန်းထဲရှိမှန်ရှေ့တွင် ရပ််လိုက်ရင်း သူ့ရဲ့ ဖြူဖျော့နေတဲ့မျက်နှာကို
မှန်ထဲတွင်ကြည့်လျက်မေးနေခဲ့မိသည်။

"မင်းဘဝ တစ်လျောက်လုံး
ပျော်ပျော်ရွှင်ရွှင် နဲ့ မင်းစိတ်နဲ့ မင်းကိုယ်
နေထိုင်ခဲ့ဘူးရဲ့လား"

သူမေးသော်ငြား သူ့ကိုမည်သူကမှမူပြန်မဖြေခဲ့။ ကျစ်ရှုတချက်မျှပြုံးရင် သွေးခြေဥနေပြီဖြစ်သော ခြေထောက်မှ ခြေပတ်အားဆွဲချွတ် လိုက်သည်။ကျစ်ရှု၏ရောဂါအခြေအနေသကယခင်ထက်ပင်ပိုပိုဆိုးလာသည်။မျက်ခွံအောက်တွင် သွေးခြေများပင် ဥနေလျက်ရှိနေသည်ကိုမှန်ထဲတွင်တွေ့လိုက်ရသည်။သူ့ခန္ဓာကိုယ်အနှံ့တွင် မိမိဘာသာပြန်မကြည့်နိုင်သော်လည်းအနာများကမူ ပိုမိုထင်ရှားနေမည်ပင်ဖြစ်ပြီးအိမ်တွင်းအကြမ်းဖက်မှုကိုလည်းခံထားရခြင်းကြောင့်လဲ ဖြစ်သည်။

ဟယ်ကျစ်ရှုသည် မည်သည့်ကိစ္စကိုမှ မတွေးချင်သော်လည်း သူ့စိတ်ကိုလည်း သူမထိန်းချုပ်နိုင်သကဲ့သို့ရှိနေခဲ့ရသည်။
ကျန်းဝမ်ရွီီက သူ့ရဲ့အပြင်မှပွေရှုပ်မှုများတွေကခဏတာဟုသာ အမြဲပြောလေ့ရှိခဲ့သည်။
ထို့ကြောင့်မို့ပင် သူအပြင်တွင် ကိစ္စများပြီးလောက်ပါက အိမ်သို့တော့ ပုံမှန်ပြန်လာဖို့အတွက် လုံလောက်မည်ပင်ဖြစ်သည်။

"ငါက ကော သူ့ဆီက ဘာများ
ထပ်လိုချင်သေးလို့လဲ"

ထိုသို့တွေးကာ မိမိကိုယ်ကို နှစ်သိမ့်နေခြင်းသည် ယခုချိန်တွင်မူ လုံးဝပင် အသုံးမဝင်တော့ ကြောင်း သူဘာသာလည်းသိနေခဲ့ရသည်။သူသည် ယခင်ကထက် ပိုမိုကာအထိခိုက်မခံနိုင်ဘဲ ထိန်းချုပ်မှုများလည်း ကင်းမဲ့လာခဲ့သည်။ကျန်းဝမ်ရွှီ၏ သူ့အပေါ် ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာညှင်းပန်းမှများသည် နူးညံ့သိမ်မွေ့သောသူ့ရဲ့မူလပုံစံ
အားတဖြေးဖြေးပင်ဆုံးရှုံးလာစေလျက်
ကြာလာလျင်သူ့ရဲ့ နူးညံ့မှုတွေလုံးဝပျောက်ကွယ်လျက် ကျန်းအားပြန်လည် ထိခိုက်မိအောင်သူလုပ်မိလိမ့်မည်ဖြစ်သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now