EP76(U+Z)

1.8K 175 3
                                    

EP76 မေ့မရသောညတစ်ည

ကျန်ရှိနေတဲ့ အချိန်တွေကို သူ အတင်း အဓမ္မဆေးကုဖို့ မတိုက်တွန်းတော့ဘူး။အိုက်ကျိယွီ
က ကျစ်ရှုကို လူနာအနေဖြင့်လဲ မကြည့်တော့ဘူး၊သူ့စိတ်ထဲမှာ ကျစ်ရူကိုသာမန်လိုဘဲ
သဘောထားဆက်ဆံပေးနေခဲ့တယ်။အခြေအနေဘယ်လောက်ဆိုးလာတယ်ဆိုတာကို
လည်း အာရုံမစိုက်တော့ဘူ။ကျစ်ရူက
သူ့ကို လူနာတစ်ယောက်လိူ ပြောဆိုဆက်ဆံတယ်ဆိုစိတ်ဆိုးတယ် ၊အဲဒါကြောင့် ဖြစ်လာမယ့် အရာတွေအတွက် အဆိုးဆုံးအထိ တွေးထားပြီး သူ့စိတ်ကို ပြင်ဆင်ထားတယ်၊ဒါပေမယ့် သူ တကယ်လည်းသိတယ်။ဆေးကုသမှု မခံယူတော့တဲ့ သွေးကင်ဆာသမားတစ်ယောက်က ဘယ်လောက်ကြာကြာနေနိုင်မှာလဲ ?။

သူ့ဆီ ဖုန်းဆက်ပြီးတစ်ပတ်လောက်အထိ၊ကျန်းဝမ်ရွှီ ဖုန်းထပ်မဆက်တော့။ထိုသူက
သူ့ဆီဖုန်းမဆက်တော့သော်လည်း တခုခု တော့ လုပ်နေလောက်မည်ဟုသူထင်ခဲ့သည်။
နောက်ဆုံးအနေဖြင့် ကျန်းဝမ်ရွှီ တွင်
အသိစိတ်ဝင်နေပြီဆိုပါက ကျစ်ရူအားအခြေအ နေအမျိုးမျိုးဖြင့် သူ့ဖက်မှ ပေးဆပ်ရန်ကိုလည်း မျှော်လင့်ရမည်ဖြစ်သည်။

ကျစ်ရူက ဒုတိယထပ်မှန်ခန်းပြတင်းပေါက်နားမှာထိုင်ပြီးဥယျာဥ်ငယ်လေးအား လှမ်း
ကြည့်ရတာကို သဘောကျတယ်။သူအဲ့လိုလေး ကြည့်နေရချိန် သူ့စိတ်တွေ ကြည်ပြီး သက်တောင့်သက်သာလဲရှိနေတယ်။ခွေးလေးနဲ့ ကြောင်လေးတွေက ဥယျာဥ်ထဲမှာ
လှည့်ပတ်တိုးဝင်ဆော့နေကြပြီး ကျိယွီက
တခါတလေ မတားဆီးမိသောကြောင့်
သစ်ပင်ငယ်များ တခါတလေပျက်စီးသွားရတယ်။သူက မှန်တံခါးကနေတဆင့် ခြံထဲသို့ လှမ်းကြည့်နေခဲ့မိတယ်။ကျစ်ရူ စိတ်ချမ်းသာနေပြီး စိတ်လက်ပေါ့ပါးနေလျက် အတွေးတွေကြားထဲမျောနေလျက်ရှိနေခဲ့ရတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်ထဲက သူအတော်
စိတ်ဝင်စားနေတဲ့စာအုပ်တစ်အုပ်ရှိတယ်။
သူအဲဒီစာအုပ်လေးကို ဖတ်နေတာရက်အတော်ကြာနေပြီ။အဲ့ဒီစာအုပ်လေးက
ရုပ်ပုံလေးတွေပါပါ တဲ့ အသက်ရှင်စဥ်မှာ
မဖြစ်မနေသွားသင့်တဲ့ နေရာ အခု 100အကြောင်းရေးထားတဲ့ စာအုပ်လေး ဖြစ်တယ်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now