EP46(U+Z)

2.5K 274 3
                                    

EP46သကြားလုံး လေးများ

ယခုအချိန်တွင် ဘယ်သူမှ စကားမဆိုနိုင်ဖြစ်နေခဲ့ရသည်။ဟယ်ကျစ်ရှုသည်တနေကုန် ခရီးသွားထားရသောကြောင့် အလွန်် ပင်ပန်းနေလျက်ရှိနေသည်။ အဆစ်အမြစ်များမှာမူ
အလွန်အမငိးကိုက်ခဲနာကျင်နေပြီးမျက်ကြောများပင်ထိုးနေတာမို့ ပြတင်းပေါက်အနီး
တွင် ခေါင်းလေးမှီထားလိုက်သည်။

အိုက်ကျိယွီသည် ကျစ်ရှုအား အရိပ်မျှ
ခိုးကြည့်လိုက်ပြီးခဏ၌ကျိယွီသည်
ကျစ်ရှု၏နဖူးအား ဖွဖွလေးထိလိုက်သည်။
သူထင်သည့်အတိုင်းပင် ကျစ်ရှုအဖျားတက်
နေပြန်ပြီဖြစ်သည်။

" အေးနေလား "

ကျိယွီသည် ကုတ်အကျီအားဆွဲယူလိုက်ရင်း
ကျစ်ရှု ကိုခြုံပေးလိုက်သည်။

"ဒီလိုလေးနေ ...နောက်5နာရီလောက်ဆို
ကိုယ်တို့ရောက်ပါပြီ ...တံတားပေါ် ခဏနေရင်ဖြတ်တော့မှာ ....တံတားပေါ်ဖြတ်ပြီး
နောက် မြို့လေးကျ ရင် မင်းအတွက်
ဆေးဝယ်လိူ့ရလောက်ပြီ"

အိုက်ကျိယွီသည် ကျစ်ရှုအိမ်မှ ထွက်လာထဲကဆေးများပါမလာသည်ကို သတိထားမိခဲ့သော်လည်းကျစ်ရှုအားထပ်၍ပင်အပြစ်မဆိုမိပါချေ။

"အခုဘယ်ချိန်ရှိပြီလဲ ? "

ဖျော့တော့ ပင်ပန်းနေသောမျက်နှာလေးဖြင့်
အသံလေး ထွက်ကာ မေးလာခဲ့သည်။

အိုက်ကျိယွီ dashboardကို ကြည့်ကာ
ဖြေလိုက်သည်။

"11: 59 "

ထိုအချိန်၌ ကောင်းကင်ကြီး၏အတော်ဝေးဝေးပေါ် ၌ မီးရှုးမီးပန်းများ ဖြာထွက်နေသည်ကို တွေ့လိုက်ရသည်။ ရှည်လျားပြီး အထီးကျန်ဆန်လှသော အဝေးပြေးလမ်းမကြီးပေါ်တွင် ထိုသို့သော မြင်ကွင်းအား
မြင်ရသည်မှာထူးဆန်းလျက် စိတ်ကိုပင် တက်ကြွကာလန်းဆန်းလာစေခဲ့သည်။၎င်းမီးပန်းများသည် အဝေးပြေးလမ်းမကြီးဘေးရှိမြို့များမှ လွှင့်တင် ပစ်ဖောက်ကြခြင်း
ဖြစ်ပေမည်။အရောင်စုံ မတူကွဲပြားစွာ
လှပနေလျက် ကောင်းကင်တစ်ခုလုံးတွင်
လင်းထိန််လျက်ရှိနေခဲ့သည်။

" 12နာရီထိုးပြီ"

ကျစ်ရှုသည် မီးရှုးမီးပန်းများအား
နှစ်သက်ပြီး စိတ်ဝင်တစားပင်
ကြည့်နေသောကလေးတစ်ယောက်ကဲ့သို့
မျက်လုံးလေးများမှာတောက်ပနေလျက် ရွှင်လန်းသံဖြင့်တောက်ပနေသောကောင်းကင်ကြီးအားကြည့်ပြီးပြောလာခဲ့သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now