EP77(U+Z)

1.8K 167 2
                                    

[ U ]

EP77  Happy Birthday

ကျစ်ရှုနိုးလာသောအခါသူတစ်ယောက် တည်းသာကျန်ရစ်နေခဲ့သည်။အိပ်ရာဘေးတွင် အေးစက်ပြီး လစ်ဟာနေမှုကြောင့်ကျိယွီက မနက်စောပိုင်း အချိန် တော်တော်ကြာထဲကပင် ထသွားခဲ့ပုံပေါ်သည်။

ကျစ်ရှု သူ့ ခန္ဓာကိုယ်အား ဖြေးညှင်းစွာလှိမ့်လိုက်ပြီး ကျိယွီ အိပ်သွားသည့်နေရာပေါ်၌
သူ့မျက်လုံးများကိုမှိတ်ထားကာ အချိန် အတော်ကြာနေမိလိုက်သည်။သူအားနည်းနေဆဲ ဖြစ်သည်။သူ့ ခါးနှင့် ခြေထောက်များက
မနေ့ညက က အရှိန်ကြောင့် နာကျင်ကာ ခွေယိုင်နေဆဲရှိနေသည်။

တံခါးက စေ့ရုံလေးသာစေ့ထားသည်။
ဟယ်ကျစ်ရှု မလှုပ်ရှားမိ။သူစောင်ကိုဆွဲမလိုက်ပြီးနောက် အိပ်ရာဘေး၌ တစုံတစ်ယောက် ရပ််နေသည်ဟု လည်း သူခံစားနေရသည်။သူက အခန်းတွင်းမှ အေးစက်ခြင်းအားမခံစားရမီ သူ့လက်များအား နွေးထွေးစေသော အရာတစ်ခုကရှိနေသည်။ထိုအရာကလျှပ်စစ်ရေနွေးအိတ်လေးတစ်ခုဖြစ်နေခဲ့သည်။

"Baby Happy Birthday"

အိုက်ကျိယွီ သူ့ခေါင်းကို ငုံ့ကာ ကျစ်ရှုရဲ့
နားနောက်နေရာ ဇက်ဘေး လေးအား နမ်းလိုက်ပြီး ပြောလိုက်သည်။

"နေထွက်နေပြီ "

ကျိရှုက ပခုံးတွန့်လိုက်ပြီး ရေနွေးအိတ်လေးအားကိုင်ကာ ပြောလာသည်။

"ငါ့ကို မစပါနဲ့ ....အဲဒီနေရာကို ထိရင်ယားတယ် "

အိုက်ကျိယွီက အဝေးသို့ မသွားသေးဘဲ
အသစ်စက်စက် သတို့သားတစ်ယောက်ကဲ့သို့
ကျစ်ရှုရဲ့ နဖူးရှေ့မှ ရှုပ်ထွေးနေသော ဆံပင်
စလေးများအား သပ်တင်ပေးလိုက်သည်။

"ရှူလေး.. အိပ်ရာထဲမှာ ဆက်နေလိုက်ဦးနော် ၊
ပြီးမှ ထလာခဲ့၊ကိုယ် အောက်ထပ်ကနေ
စောင့်နေမယ်နော် "

ကျိယွီ ထွက်သွားပြီး မိနစ် အနည်းငယ်အကြာမှ ကျစ်ရှု တွန့်ဆုတ်စွာ ထလိုက်သည်။
သူ့ ညဝတ်အကျီရဲ့ ကြယ်သီးများကို ပြန်တပ်ပြီး ဘုရားရှင်အားတောင်းဆုပြုလိုက်သည်။

သူအောက်ထပ်သို့ရောက်သောအချိန်၌
ကျိယွီက မီးဖိုချောင်ထဲ၌ရှိနေသည်။
သူ ဆင်းလာသောအသံကို ကြားသောအခါ
သူ့အား ဘေးတိုက်လှမ်း၍ နှုတ်ဆက်ပြီး ပြောလာသည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now