[ U ]
EP69 မင်းဘေးမှာကိုယ်ရှိတယ်
သင်လူတစ်ယောက်ကို ချစ်မိသောအခါ
ထိုသူနှင့်ပတ်သက်သည့် ခါးသီးသော
ခံစားချက်များ နှင့် စိတ်ပျက်စေခြင်းတို့
ရရှိခဲ့သော်လည်း ဘယ်သောအခါမှ
ဂရုစိုက်လိမ့်မည်မဟုတ်ပါ။မြင်တွေ့ခဲ့ရသော အဖြစ်အပျက်၊ကြုံတွေ့ခဲ့ရသောအရာများထဲမှ အမှတ်တရရှိစေသော မှတ်ညာဏ်များအား
ပြန်၍ ခေါ်ယူစေခဲ့ပါလျှင်မူမင်းအတွက်သူချက်ပြုတ်ပေးခဲ့သောအရသာရှိသည့်ဟင်းလျာများ ၊သူနှင့်အတူ လက်တွဲ၍ အတူကြည့်ဖူးခဲ့သော ဆီးနှင်းများ နှင့်ကိုယ့်ဘဝရဲ့ အသက်ကလေးဟု ပြောကာ သင့်အတွက်အပြုံးများနှင့်အတူ လက်ဆောင်ပေးခဲ့သော ပန်းစည်းများ ထိုထို သော အရာများအား
အမှန်တကယ်ပင် မင်းမေ့နိုင်ပါမည်လား။ထို့အတူပင် မင်းချစ်ခဲ့သူဆီမှ ကြားခဲ့ရသော
အေးစက်ငြီးငွေ့သည့် စကားများ ၊မင်းအပေါ် အကြမ်းဖက်များကိုရောမေ့နိုင်ပါမည်လား။ထိုအရာများသည် အမှန်တကယ်တွင်မူ
သင်သည် သူ့အပေါ် မလွှမ်းမိုးနိုင်ခဲ့ခြင်းသာဖြစ်သည်။ထိုအရာများသည် အသိညာဏ်မဲ့သော ချစ်ခြင်း တစ်ခု မဟုတ်ခဲ့သလို
အချစ်အတွက် အကြောင်းပြကာ အသနားခံခြင်း မမည်သော အသနားခံခြင်းတစ်ခုသာဖြစ်သည်။ထိုအရာများသည် အသက်ရှင်နေထိုင်စဥ်ကာလများအတွင်း အကျိုးသက်ရောက်စေမှုနှင့်အတူ နာကျင်မှု၏အကျိုးဆက်အားရှောင်ရှားစေရန်အတွက်သာ ရှိနေခဲ့ရသည်။ကျစ်ရှု သည် သူ့ပုံမှန်ပုံစံအတိုင်းတိတ်ဆိတ်စွာနေလျက် ရှိနေခဲ့သည်။
ကျိယွီသည်လည်း ဘာမှထပ်မပြောတော့ဘဲ
တိတ်ဆိတ်စွာဖြင့် အိမ်သို့ အမြန်ရောက်အောင် မောင်းနေခဲ့လိုက်သည်။ထိုအချိန်တွင် မက်ဆေ့လက်ခံရရှိကြောင်း
အသိပေးစာဖြင့် အသံတစ်ခုသည်သူ့ဖုန်းဆီမှ ထွက်ပေါ်လာခဲ့သည်။ဖုန်းကလဲ လက်ရှိတွင် သူ့လက်ထဲ၌ ရှိနေသည်မို့အိုက်ကျိယွီ ကားမောင်းနေရင်းမက်ဆေ့ အား ဖွင့်ကြည့်လိုက်သည်။မက်ဆေ့ ရောက်ရှိလာပြီးနောက် ကျိယွီ က
ကျစ်ရှုအား တချက် စောင်းကြည့်လိုက်ရင်း
မက်ဆေ့ ကိုလည်း အလေးအနက်ထားလျက်ရှိနေခဲ့သည်။သူကျစ်ရှုအား ကြည့်လိုက်စဥ်
ကျစ်ရှုသည် ပြတင်းတံခါးကိုမှီလျက် အပြင်သို့သာ ငေးနေလျက်ရှိနေခဲ့သည်။
YOU ARE READING
ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔
Romance..Myanmar Translation of The Ten Years that I loved You Most COO ..81Chapters +5extras Original Author 无仅死 Publish by jjwxc Publish date .10.9.2019 ဒီnovel လေးက မူရင်း chinese ကေန ဘာသာပြန်ဆိုထားတာမို့ ဖတ်ရတာအဆင်မပြေခဲ့ပါလျှင် က်မ xio hua ၏ တာဝန...