#unicode
အိမ်ရှေ့စံ၏ အဆောင်တော်တွင်ဖြစ်သည်။
အထိန်းတော်ကြီးအပါအဝင် အခြွေအရံတွေလည်း ပျာယာခက်လျက်ရှိသည်။
အဘယ်ကြောင့်ဆိုသော် အိမ်ရှေ့စံသည် ရုတ်တရက်ဆိုသလို နာမကျန်းဖြစ်သောကြောင့်ပင်
" မင်းသား နေသာပါရဲ့လား "
အထိန်းတော်ကြီးသည် အိပ်ယာထပ်တွင် မျက်နှာတို့ဖြူရော်စွာရှိနေသည့် အိမ်ရှေ့စံမင်းသားကိုကြည့်ကာ အလွန်စိတ်မကောင်းဖြစ်နေမိသည်။
ထို့နောက်အိမ်ရှေ့စံသည် သွေးရောင်ပျောက်လုနီးပါး နှုတ်ခမ်းတို့ဖြင့် ခပ်ဖွဖွပြုံးလာရင်း
" ကိုယ်တော် အဆင်ပြေတာမို့ စိတ်မပူပါနဲ့ "
" အဲ့တာကြောင့် မင်းသားကိုကျွန်တော်မျိုးပြောတာပေါ့
ညဘက်တွေ ကောင်းကင်ကို အကြာကြီးမကြည့်ပါနဲ့လို့
မင်းသားကကျွန်တော်မျိုးစကားကိုဆို အမြဲမျက်ကွယ်ပြုတယ်
အခုတော့ အအေးမိပြီပေါ့ "သူ့ရဲ့အကျင့်အရ ဟုန်ကုန်းကုန်းကတော့ ပေါက်ပေါက်ဖောက်သလိုပြောနေသည်။
" ဟုတ်ပါပြီ နောက်ဆို ကိုယ်တော်နားထောင်ပါ့မယ် "
နှဖူးထပ်က ပုဝါစဖြူဖြူကို ပြန်ယူလိုက်တော့ တစ်ခဏအတွင်းမှာတောင် အပူရှိန်ကသိပ်ပြင်းနေလေသည်။
အိမ်ရှေ့စံသည် ငယ်စဥ်ကအပျင်းဖျားကာ အသက်ပင်လက်လွှတ်ရနီးပါးဖြစ်ခဲ့ဖူးလေသည်။
သို့သော် နန်းတွင်းသမားတော်တို့၏ ဘိုးဘွားအစဥ်အဆက်လက်ဆင့်ကမ်းဆေး နဂါးအမြုတေဆေးစွမ်းကြောင့်သာ ပြန်ကောင်းလာခဲ့ခြင်းဖြစ်သည်။အထိန်းတော်သည် ရုတ်တရက်တွေးမိသည်နှင့် နန်းတွင်းသမားတော်အား ဆင့်ခေါ်စေလိုက်သည်။
သမားတော်ကြီးရောက်လာသည်နှင့် အိမ်ရှေ့စံအား သွေးခုန်နှုန်းစမ်းသပ်သည်။
" ငယ်ငယ်ကလိုများ ပြန်ဖြစ်တာလား သမားတော်ကြီး "
" စိတ်မပူပါနဲ့အထိန်းတော်ကြီး သာမန်ရိုးရိုး အအေးမိတာလောက်ပါပဲ
ကောင်းကောင်းအနားယူလိုက်ရင် သက်သာသွားမှာပါ "