#unicode
ဝေဟင်နဂါးတိုင်းပြည်ရှိ တစ်သက်မှာ တစ်ခါသာ ပွင့်လန်းတတ်သည်ဟူသော နတ်ဒေဝါကြာပန်းဖြူသည် ပွင့်လန်းကာ နဂါးပြည်တောင်တစ်ခုလုံးကို မွှေးပျံ့လျှက်ရှိသည်။
ထို့နေ့တွင်ပင် ဝေဟင်နဂါးပြည်ထောင်ရဲ့အရှင်မသည် သားတော်လေးတစ်ပါးအား ဖွားမြင်တော်မူခဲ့လေသည်။
နတ်ဒေဝါကြာပန်းဖြူပွင့်လန်းချိန်သည် သားတော်လေး၏ အရှင်မဝမ်းတွင်းမှမွေးမြူချိန်ဖြစ်ပြီး သားတော်လေးသည် ကြာပန်းဖြူပမာ အလွန်ပင် နှစ်လွယ်ဖွယ် ကလေးငယ်တစ်ဦး ဖြစ်ပေတော့သည်။
" ဝေဟင်နဂါးပြည်တောင်ရဲ့ မင်းသားငယ်အား ကြိုဆိုပါတယ် "
နတ်ဆရာကြီး၏ စကားသံအဆုံး နဂါးပြည်တောင်ရှိ ပြည်သူပြည်သားအပေါင်းသည် နန်းတော်ရှိရာသို့ ဦးညွှတ်ကြကုန်သည်။
သူတို့အတွက် အရှင်သခင် ဘုရင်တစ်ပါးဟာ လောကတစ်ခွင်သို့ ရောက်လာခဲ့ပြီလေ....
နဂါးမင်းကြီးသည် ချစ်ခင်ဖွယ်သူ့၏သားတော်အား ကြည့်၍အလွန်ပင် ကြည်နူးပီတိဖြစ်နေမိတော့သည်။
" ပင်ပန်းခဲ့ရပြီ ရှင်မ "
နွမ်းလျှစွာပြုံးပြလာသော အရှင်မရဲ့ ဆံနွယ်တွေကို ဖွဖွသပ်တင်ပေးရင်း ကြည်နူးမျက်ရည်ကျမိပြန်သည်။
၂နှစ်ခန့်ကြာသော်....
" သားတော်လေးက တိတ်ဆိတ်လွန်းလိုက်တာ "
၂နှစ်သားအရွယ်ရောက်လာသည့်တိုင်အောင် စကားမပြော လမ်းမသွားတဲ့ မင်းသားလေးကြောင့် နဂါးမင်းကြီး အခက်ကြုံရလေပြီ
သူ့ရဲ့သွေးသား တစ်နည်းအားဖြင့် ဝေဟင်နဂါးပြည်တောင်ရဲ့ အရှင်ဘုရင်သစ်ဟာ သတ်မှတ်ချိန်တွင် သတ်မှတ်သည့် စည်းကမ်းတွေနဲ့အညီ ကြီးထွားရမည်ဖြစ်သည်။
အရှင်ဘုရင်တစ်ပါး တတ်အပ်သည့် ပညာရပ်များကိုလည်း သက်တော်တစ်ဆယ့်ခြောက်နှစ်အရွယ်တွင် သင်ကြားရမည်ဖြစ်သည်။
သို့မှသာ သတ်မှတ်သည့်အရွယ်တွင် ဝေဟင်နဂါးပြည်အား အုပ်ချုပ်နိုင်မည့် ရှင်ဘုရင် မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်ပေလိမ့်မည်။