#unicode
ပန်းခင်းကြီးရဲ့အလယ်မှာ သူရောက်နေပြန်သည်။
ပတ်ဝန်းကျင်တွေဟာလည်း တစ်ထပ်တည်းပင် ဒီနေရာ ဒီအခြေအနေ" ဂျောင်ဂု "
ဒီအသံ သူ့နှလုံးသားနှင့် ရင်းနှီးနေခဲ့ပြီ။
လှည့်ကြည့်မိချိန် သူနှင့်မလှန်းမကန်းမှာ ရပ်နေသည့် အဖြူရောင်ပုံရိပ်လေးတစ်ခုဖြူလွှလွှ အင်္ကျီလေးက လေပြေတွေသော့လာတိုင်း တလွင့်လွင့်ဖြင့်
ပြာလဲ့လဲ့ဆံနွယ်တွေကိုလည်း သူမြင်ဖူးနေသယောင်" ဂျောင်ဂု "
သူ့အမည်နာမကို တမ်းတမ်းတတခေါ်ရင်း မျက်ရည်တွေက ပါးပြင်ပေါ်က စီးဆင်းလာပုံကို သူမြင်နေရသည်။ဘာကြောင့်များလဲ။
ရုတ်တရက် သူ့နှလုံးသားသည် တစ်ဆစ်ဆစ်ထိုးအောင့် နာကျင်လာသည်။
ဓါးသွားတစ်ခုဆိုက်ဝင်လာသလို ဒါကသိပ်ကို ခံရခက်တယ်။သူထိုအရိပ်ကလေးကိုပြန်ကြည့်မိတော့ သူ့အားလွမ်းလွမ်းဆွေးဆွေးငေးကြည့်နေပြန်သည်။
ဘာလို့လဲ ဒီပုံရိပ်လေးရဲ့ မျက်ရည်တွေကို မြင်ရတာ သူသိပ်နာကျင်တယ်
သူ့နှလုံးသားတွေ ကြေမွနေသလို နာကျင်ရတယ်တဖြေးဖြေးဝေးသွားသလို ခံစားမိလာသည်။ပုံရိပ်လေးက လေပြေတွေနှင့်အတူ လွှင့်ပါသွားသလို သူ့စိတ်ထဲခံစားနေရသည်။
ဒါကြောင့် သူနာကျင်နေတဲ့ရင်ဘတ်ကိုဖိရင်း ပြေးလိုက်နေမိပြန်သည်။
သူမမှီဘူး ပုံရိပ်လေးဟာ ငိုမြဲငိုနေဆဲ သူခံစားမိနေတယ်
သို့သော် မျက်နှာလေးအား ပီပီပြင်ပြင် သူမမြင်ရပေသူ့နှလုံးသားမှာတော့ သိနေခဲ့တယ်။သူ့ကိုလွမ်းလွမ်းဆွေးဆွေးကြည့်ရင်း ထိုပုံရိပ်ကလေး ငိုနေခဲ့တာကိုပေါ့
သူအမောတကောလိုက်ဖမ်းဆုတ်နေတာတောင် မရဘူး။
ထိတွေ့ခွင့်ရချင်တယ်။ထွေးပွေ့ထားချင်တယ်။ထို့နောက်ပုံရိပ်ကလေးဟာ သူ့ရှေ့မှာတင် ပျောက်ကွယ်သွားပြန်တော့သည်။
ခြေအစုံဟာ မြေပြင်ပေါ်သို့ ဒူးထောက်လျှက်ကျခဲ့ရတော့သည်။
သူသတိထားမိတော့ သူရောက်နေခဲ့တာ ချယ်ရီပင်ကြီး တစ်ပင်ရဲ့အောက်မှာဖြစ်သည်။