#unicode
အဆောင်တော်အပြင်ကိုရောက်လျှင်ပဲ မြင်တွေ့လိုက်ရသည်က လရောင်ဖြာကျနေသော ချယ်ရီပင်ကြီးကအောက်က ကြင်နာရသူလေးဖြစ်တော့သည်။
ဘယ်လောက်တောင်မှ လွမ်းခဲ့ရသလဲ ယောင်းရယ်အနားသို့တဖြေးဖြေးတိုးကပ်သွားရင်း ကျောခိုင်းနေသူလေးအား တယုတယထွေးပွေ့လိုက်တော့သည်။
" ဂျွန် "
လွမ်းနေရတဲ့အသံလေးဟာ သူ့အမည်နာမအား တမ်းတမ်းတတခေါ်ရှာသည်။
" ကိုယ်တော်လွမ်းနေခဲ့ရတာ ယောင်းရယ် "
လက်သွယ်သွယ်လေးတွေဟာ သူ့လက်တွေကို ပြန်လည်ဆုတ်ကိုင်လာရင်း နှစ်ဦးသားဖက်တွယ်ထားမိကြသည်။
.
.
" ဒီဘက်ကို လှည့်ပါဦးယောင်း "လှည့်လာသည့် မျက်နှာနုနုလေးတွင် မျက်ရည်များက စီးကျလျက်ရှိသည်။
ပါးပြင်ဖွေးဖွေးလေးပေါ်က မျက်ရည်စီးကြောင်းတွေကို သုတ်ပေးတော့ ပြုံးပြလာသည့် ကြင်နာသူလေး။ထိုအပြုံးဟာ လွမ်းခဲ့ရသည့် အချိန်တွေအတွက် ကုစားရာ တော်ဝင်ဆေးတစ်ခွက်ပင်ဖြစ်သည်။နဖူးလေးကိုအမြတ်တနိုးနမ်းရှိုက်ရင်း ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲထည့်ထားမိပြန်သည်။
ထူးဆန်းလှသည့် သူ့ရဲ့ချစ်ရသူလေး။ခြားနားထားတဲ့စည်းတွေကို ကျော်လွန်ပြီး သူရှိရာဆီအရောက်လာခဲ့သည်တဲ့လေ။မြတ်နိုးလိုက်တာ ကိုယ်တော့်ကြာပန်းဖြူလေးရယ်...အချိန်တစ်ခုကြာသည်အထိ ဖက်တွယ်ထားမိပြီးနောက် သူတို့အဆောင်တော်ထဲဝင်လာလိုက်ကြသည်။
" ဂျွန့်ဆီကို လာဖို့အတွက် ယောင်းအမြဲကြိုးစားနေခဲ့တာ "
မှီးမှိန်မှိန်အောက်က ကြင်နာသူသည် လရောက်အောင်တွင် ငွားငွားစွင့်စွင့် ပွင့်လန်းနေသော ကြာပန်းဖြူလေးတစ်ပွင့်နှယ် တင့်တယ်နေတော့သည်။
" ယောင်းရဲ့ ခမည်းတော်က နတ်ရွာစံခဲ့ပြီး သိပ်မကြာခင်မှာပဲ မားမားလည်းအတူ လိုက်သွားခဲ့တယ် "
တည်ငြိမ်စွာပြောထွက်လာသော်လည်း မျက်ဝန်းလေးတွေထဲတော့ နားလည်ရခက်စွာရှိလာသည်။