#unicode
လက်ထဲတွင် မေ့မျောနေသော ကြာပန်းဖြူလေးကြောင့်
ဂျွန်သည်အလွန်တရာမှ ထိတ်လန့်သွားရတော့သည်။" ယောင်း ! ယောင်း!! သတိထားပါဦး ယောင်း"
မေးရိုးလေးတွေကနေထိန်းကိုင်ရင်း လှုပ်နှိုးသော်လည်း ပျော့ခွေနေသော ခန္ဓာသေးသေးက သူ့အပေါ်လဲပြိုလာတော့သည်။
အိန္ဒြေကြီးလွန်းတဲ့အရှင်ဟာ ပြာယာခက်ကာ မျက်ရည်တွေပင်ဝဲနေတော့သည်။
ထို့နောက်ဂျွန်သည် မေ့မျောနေသော ခန္ဓာကိုယ်လေးကို အလျင်အမြန်ပွေ့ချီလိုက်ရင်း နန်းတော်သို့ ပြန်ရန်ဆုံးဖြတ်လိုက်လေသည်။
ရုတ်တရက်ဆိုသလို သူ့ရှေ့ကို ရောက်လာသည့် ယောင်အာ
ရင်ခွင်ထဲက ကောင်ငယ်လေးကိုလည်း စိုးရိမ်တကြီးစိုက်ကြည့်နေသည်။" မင်းသားလေး! မင်းသားလေး ဘာဖြစ်တာလဲ "
ပြာပြာသလဲယောင်အာ့ပုံစံက ပြိုတော့မယ့် မိုးလို
" ယောင်အာ စိတ်လျော့ပြီး ကိုယ်တော့ရှေ့ကဖယ်ပါ
ယောင်းကိုအဆောင်တော်ထဲခေါ်သွားမှဖြစ်မယ် ဒီထပ်အချိန်ဆွဲလို့မဖြစ်တော့ဘူး "ရုတ်တရက်ဆိုသလို အသိဝင်လာသည့် ယောင်အာက ဒီအခြေနေကိုပိုလို့ပင် စိတ်ပူလာမိသည်။
သူမှတ်မိသလောက် သခင်ငယ်ဟာ ဒီလူသားတွေကြောင့် အားနည်းလာရခြင်းဖြစ်သည်။
ထိုရဲ့အကျိုးဆက်က မူလနဂါးအသွင်ကို အချိန်မရွေးပြောင်းသွားနိုင်သည်။" မဖြစ်ဘူး ! မင်းသားလေးကို ကျွန်တော်မျိုးပဲ ပြန်ခေါ်သွားပါရစေ "
ယောင်အာသည် ဂျွန့်လက်တွေထဲက ခန္ဓာကိုယ်လေးကို ပြောင်းလဲယူရန် လက်လှမ်းလိုက်ချိန် လည်ပင်းဆီကို ချိန်ရွယ်လာသည့် ဓါးသွား
" အရှင့်ကိုယ်ကို လက်လွတ်စပါယ် မထိပါနဲ့ "
ဒန်းလေးရဲ့ အသံခပ်ပြတ်ပြတ်က ထွက်ပေါ်လာပြီး ဂျွန်သည် ကြာပန်းဖြူလေးကိုပွေ့ချီရင်း ထိုနေရာမှ လျှင်မြန်စွာထွက်သွားတော့သည်။
.
.
.
ဘုရင့်သလွန်တော်ထပ်တွင် ဖြူဖျော့စွာရှိနေသည့် ကြာပန်းဖြူလေး
ဖယောင်းမီးမှိန်မှိန်လေးအောက်က ခန္ဓာငယ်ဟာ အလွန်နွမ်းလျနေသည့် ပုံစံပင်