#unicode
လရောင်ဖျဖျလေးရဲ့အောက်မှာ ချစ်သူနှစ်ဦး၏ ထွေးပွေ့ထားမှုက အနူးညံ့ဆုံးအသွင်ဆောင်လှသည်။
မင်းကြီးသည် ကြာပန်းဖြူလေးအား ရင်ခွင်ထဲပိုက်ထွေးကာ ဆံနွယ်လေးတွေကို နမ်းရှုံ့ရင်း အသဲတယားရှိနေတော့သည်။
" ဂျွန် "
ချိုသာလွန်းတဲ့အသံလေးက သူ့အတွက်သာယာနာပျော်ဖွယ်
" ပြောလေ ယောင်း "
" ယောင်း ပြန်ရတော့မယ် "
ညည့်ဦးယံပင်ကျော်လွန်နေသည့် အချိန်မို့ ချစ်ရသူနှင့် ခွဲခွာရတော့မည်။တစ်လမှတစ်ကြိမ်သာတွေ့ရတဲ့ သည်မျက်နှာလေးကို ကိုယ်တော် နောက်များတော့ ပန်းချီရေးဆွဲကာ သိမ်းပါဦးမည်လေ။
နှလုံးသားကမခွဲချင်ပေမဲ့ ချစ်ရလွန်းသူလေး အနေမခက်စေချင်တာကြောင့် အရှင်ဟာ ပြုံးပြကာခေါင်းငြိမ့်ခွင့်ပြုရှာသည်။
ထို့နောက်ဝတ်ရုံထဲက ဆီစိမ်စက္ကူခေါက်ကလေးက ထုတ်ပေးရင်း" ယောင်းအတွက် ကိုယ်တော့်ရဲ့ ချစ်သဝန်လွှာ "
ရှည်သွယ်သွယ်လက်ချောင်းလေးတွေဆီ ထည့်ပေးရင်း လက်ခုံလေးအား နမ်းရှိုက်တော့ လရောင်အောက်က ကြာပန်းဖြူဟာ ပန်းသွေးရောင်ပင် ခြယ်လုနီးပါး
" ကိုယ်တော် ယောင်းကို မြတ်နိုးတာ ယုံတယ်မို့လား
တစ်နေ့တော့ ကိုယ်တော့အနားမှာ အမြဲခေါ်ထားနိုင်အောင် ကြိုးစားသွားမှာပါ "နဂါးငယ်လေးသည် မျက်ရည်များပင် ဝဲလာရသည်။ဒီလူသားဟာ သူ့အပေါ်သိပ်ကြင်နာမှန်း သူ့နှလုံးသားတစ်ခုလုံးနှင့် ခံစားမိသည်။
သို့သော် မျိုးနွယ်မတူတဲ့သူတို့နှစ်ဦး ပေါင်းစပ်နိုင်ဖို့ဆိုတာ...." ယောင်းယုံပါတယ် ဂျွန် "
အရှိန်အဝါအပြည့်နဲ့အရှင့်မျက်နှာဟာ လန်းဆန်းသော အပြုံးတစ်ပွင့်ဖြစ်တည်လာသည်။
" နောက်လပြည့်ညက ဆီးမီးမျှောပွဲတော်ရှိတယ်
ကိုယ်တော်ယောင်းနဲ့အတူ ဆီးမီးမျှောဖို့ စောင့်နေမယ်နော် "ထယ်ယောင်းက ခေါင်းငြိမ့်ကာဖြေကြားတော့ ကျေနပ်သွားသည့်ဟန်။
ထို့နောက် နန်းတော်အပြင်ဘက် ယောင်အာစောင့်နေသည့် နေရာသို့လိုက်ပို့ရှာသည်။
.
.
.
" ကိုယ်တော့်ရင်ခွင်ထဲ ခဏလာပါဦး ယောင်းရယ် "