#unicode
ထယ်ယောင်းအိပ်ယာကနိုးလာချိန် မျက်ဝန်းတွေကို တဖြေးဖြေးချင်းဖွင့်ကာကြည့်လိုက်သည်။
ခန္ဓာကိုယ်က သိသိသာသာအားအင်ချိနဲ့နေခဲ့တာက ဂျွန်နဲ့အတူနေခဲ့တာကြောင့်လားမျက်ဝန်းတွေဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က သူ့အားဓားဖြင့် ချိန်ရွယ်ထားသည့် သူမြတ်နိုးရသည့် ဂျွန်ဖြစ်နေတော့သည်။
ရုတ်တရက်ဆိုသလိုထိတ်လန့်သွားသည့်ခံစားချက် ဒါဘာတွေဖြစ်နေရတာလဲ...
တကယ်တမ်း မိမိကိုယ်ကိုပြန်သတိထားမိချိန် ပြောင်းလဲနေသော မူလအသွင်သဏ္ဍာန်
ထယ်ယောင်းဘာလုပ်ရမလဲ..သူတို့မျိုးနွယ်စုဟာ နူးညံ့ညင်သာတဲ့ မျိုးနွယ်မျိုးဟုတ်မနေခဲ့ဘူးမို့လား
လူသားတွေမယှဥ်နိုင်လောက်အောင် ခွန်အားကြီးမားပြီး စွမ်းအင်တွေလည်းရှိသည့် မျိုးနွယ်ပင်ဖြစ်သည်။ထို့ပြင်အတူရှိခဲ့သည့်သူက အခုလိုနဂါးတစ်ကောင်ဖြစ်နေခဲ့ခြင်းအပေါ် ဂျွန်ကရွံရှာနေမည်လား..
ထိတ်လန့်မှုအတွေးတွေနှင့်အတူစီးကျလာသည့် ဝမ်းနည်းမျက်ရည်တွေက တသွင်သွင်
ဘာကြောင့်ဒီအချိန်မှလဲ ဂျွန်သူ့ကိုကြောက်သွားခဲ့ပြီလား
သူ့ကိုကြောက်လန့်နေတဲ့ချစ်ရသူရဲ့အသွင်ကိုမြင်တိုင်း ထယ်ယောင်းရင်တွေနာရသည်။ထယ်ကြောင်းကြည့်နေစဥ်မှာပဲ ရင်ဘတ်တစ်နေရာကို ဖိရင်းဒူးထောက်လျက်လဲကျသွားသည့် ဂျွန်။
ထယ်ယောင်းပြေးထူချင်ပေမယ့် ဂျွန်ကသူ့ကိုကြောက်နေခဲ့ပြီ။
ချစ်ရသူက ကိုယ့်ကိုအထူးအဆန်းလိုဆက်ဆံတဲ့ ခံစားချက်က နှလုံးသားတွေ အစိမ်းလိုက်ခွဲခံရသလို နာကျင်လှပါသည်။ကြာပန်းဖြူလေးဟာ အခန်းထောင့်တွင်ကပ်ရင်းသာ ငိုကြွေးနေမိတော့သည်။
ရုတ်တရက်ဂျွန်သည် လဲနေရမှ အားယူထရင်း ထယ်ယောင်းရှိရာဆီတရွေ့ရွေ့လာနေသည်။" ဂျွန် "
ထိုအချိန်တွင် ထယ်ယောင်းရဲ့ခန္ဓာကိုယ်ဟာ လူသားအသွင်ပြန်ပြောင်းခဲ့ပြီဖြစ်သည်။
" မပြောပါနဲ့ "
ဂျွန်သည် တသိမ့်သိမ့်တုန်နေရှာသည့် ချစ်ရသူနဂါးငယ်လေးရဲ့ ခန္ဓာကိုယ်အား ကျစ်ကျစ်ပါအောင်ဖက်တွယ်ထားမိတော့သည်။