ထာဝရမခွဲတမ်း (Final)

4K 420 5
                                    

#unicode

သူငယ်ချင်းဖြစ်သူကို လိုက်ကြည့်ရင်း ယောင်းရဲ့မျက်နှာလေးက ညိုးငယ်လို့။ဂျောင်ဂု သူကိုယ်တိုင်လည်း ဘာကြောင့်ဒီလို ပြုမူလိုက်မိသည်မသိပါ။ထိုကောင်လေး၏ ထယ်ယောင်းအပေါ် ပိုင်စိုးပိုင်နင်းဆန်သလိုပုံစံကို သူသဘောမကျပေ။
ဒါကြောင့် လိုက်ပို့မည်ဟု ပြောလိုက်မိခြင်းဖြစ်သည့်အပြင် ဒီကလေးနဲ့လည်း ဒီထပ်အချိန်ကြာကြာပိုနေချင်မိသေးသည်။

" စိတ်မကောင်းဖြစ်နေတာလား "

" ဟင် "

ငြိမ်နေသူကိုမေးလိုက်တော့ ယောင်နနလေးဖြင့် ခေါင်းလေးအသာရမ်းပြသည်။
ကိုယ်ဟာသူ့အပေါ် တရားလွန်များပြုမူနေပြီလားတွေးမိသော်လည်း ဘဝအဆက်ဆက်ဒီလူသားက သူ့အပိုင်မို့ ဒါဟာ မလွန်ဘူးဟုသာ တစ်ဦးတည်းသတ်မှတ်ဖြစ်လိုက်သည်။

" ခဏနော် ကိုယ်သိမ်းစရာလေးတွေရှိလို့ "

" ဟုတ် "

သူထိုင်စေတဲ့နေရာမှာ အခုထိငြိမ်ကုတ်ကာထိုင်နေသည့် ကောင်လေးက အရုပ်လေးတစ်ရုပ်ချထားသည့်နှယ်။စကားလည်း တစ်ခွန်းမှမပြောပါပဲ မျက်ဝန်းညိုလေးတွေကတော့ ရုံးခန်းကိုစူးစမ်းသလိုလေး လိုက်ကြည့်နေသည်။တစ်ခါတစ်ရံ သူ့ဆီလည်း ထိုအကြည့်လေးတွေရောက်လာတတ်တာ သူသိပါသည်။

" ထယ်ယောင်း "

" အင်! ဟင် "

သူ ခိုးကြည့်နေချိန်ကိုယ်က လှည့်ခေါ်လိုက်တော့ မျက်လုံးလေးတွေဝိုင်းစက်ကာ လန့်သွားပုံလေးက အသဲမယားပဲမနေနိုင်စရာ။စိုက်ကြည့်ပေးလိုက်တော့ ခေါင်းလေးငုံ့သွားရှာသည်။တကယ်ကို ဘာလေးနဲ့တူမှန်းမသိ။

" ရှက်သွားတာလား မော့ပါဦး "

အကုန်လုံးသိမ်းဆည်းပြီးတာမို့ ထိုကလေးနားသွားကာ ကျီစယ်ချင်နေသည့်စိတ်ကို အလိုလိုက်ဖြစ်လိုက်သည်။

" ရှက်စရာမလိုပါဘူး ကိုယ့်ကိုမင်းက အရင်ဘဝတွေတည်းက ပိုင်ဆိုင်ခဲ့တာပဲလေ
မင်းပိုင်တဲ့လူကို ကြည့်လို့ရပါတယ် "

" ကျွန်တော်- "

" အင်း "

စကား စ လာသူကို သူထောက်ပေးတော့ မရဲတရဲပွင့်ဟလာသည်။

𝕸𝖔𝖓 𝕻𝖊𝖙𝖎𝖙 𝕽𝖔𝖎 𝕯𝖗𝖆𝖌𝖔𝖓Where stories live. Discover now