#unicode
ယောင်အာနေတဲ့ အဆောင်ဆီကို ယိုင်လုလုခြေထောက်တွေနဲ့ အသည်းအသန်ပြေးလာမိတယ်။
အားအင်ချိနဲ့နေတာမို့ ဝတ်ရုံစတွေ မနိုင်တနိုင်မရင်း လျှောက်လာရသည်။" ယောင်အာရေ ယောင်အာ ! "
ယောင်အာ့အဆောင်ရှေ့ရောက်သည်နှင့် အက်ရှနေတဲ့ အသံတွေက ထွက်ပေါ်လာသည်။
မြင်တွေ့လိုက်ရသည်က တစ်ကိုယ်လုံး ဒဏ်ရာတွေအပြည့်နှင့် ဖြစ်နေသောယောင်အာ" ယောင်အာ ဒါက-
ဒါက ဘယ်လိုဖြစ်ရတာလဲ "လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တဲ့ယောင်အာကို ကြည့်ရင်း ကြာပန်းဖြူလေးသည် အလန့်တကြားငိုကြွေးပြန်သည်။
ယောင်အာသည် မြတ်နိုးရသူ သခင်ငယ်ရဲ့ လက်သွယ်သွယ်လေးတွေကို ဆုတ်ကိုင်လိုက်ရင်း
" မင်းသားလေး စိတ်ကို ငြိမ်ငြိမ်ထားပါ
ကျွန်တော်မျိုးအဆင်ပြေတာမို့ မျက်ရည်တွေမကျပါနဲ့ "ကြာပန်းဖြူဟာ အလွန်ပင်ပြာယာခက်နေသည်။သူ့မျက်စိရှေ့က အခြေနေအရပ်ရပ်ကို ဘာတစ်ခုမှ လိုက်မမှီနိုင်သေးပေ။
" ယောင်အာ ဘာတွေဖြစ်ခဲ့တာလဲ ငါ့ကိုပြောပါဦး "
သက်ပြင်းရှည်ချရင်း သူ့မျက်လုံးတွေကိုစိုက်ကြည့်လာသည့် ယောင်အာက ဘာကိုတွေဝေနေသည်မသိ။
" အကုန်လုံး အဆင်ပြေသွားပါပြီ မင်းသားလေး
မင်းသားလေးရဲ့ ပညာသင်နှစ်လည်း ပြီးဆုံးခဲ့ပြီမို့ ကျွန်တော်မျိုးတို့ ဝေဟင်ပြည်ကို ပြန်လာရတာ
မကြာခင် နန်းတက်ပွဲ ကျင်းပရတော့မှာပါ "ကြာပန်ဖြူလေးသည် ကြားရသမျှကို တအံ့တဩနားထောင်နေမိသည်။
ဒါဆို ဂျွန်ကရော သူဂျွန်နဲ့ တစ်သက်လုံးဝေးရတော့မည်လား
" ဟင့်အင်း မဖြစ်ဘူး ငါ ဂျွန်နဲ့ဝေးလို့မဖြစ်ဘူး ယောင်အာ "
" စိတ်ကိုထိန်းပါဦး မင်းသားလေး
သူက ကျွန်တော်မျိုးတို့အတွက် အန္တရာယ်များတဲ့လူသားတစ်ယောက်ပါ "" မဟုတ်ဘူး ယောင်အာ အသင်လည်းသိတာပဲ ဂျွန်က-
ဂျွန်ကတခြားသောလူတွေနဲ့မတူဘူး ငါ့ကိုအရမ်းကြင်နာတာ အသင်သိတာပဲ မို့လား "