ပထမဆုံးခံစားချက်

3.4K 517 13
                                    

#unicode

အိမ်ရှေ့စံသည် ရင်ခွင်ထဲတွင် ယခုအချိန်ထိ သတိလစ်မေ့မျောနေသော အဖြူရောင်လေးအား အကြည့်မလွှဲနိုင်စွာ စိုက်ကြည့်နေမိသည်။

သူတွေ့လိုက်သည်က ထူးဆန်းသည့်အကောင်လေးပါ ဘာကြောင့်များ အောက်ကိုရောက်တော့ ဒီအဖြူရောင်လေးဖြစ်နေရတာလဲ

ထိခိုက်မိသွားသလားအသေအချာကြည့်တော့ မြှားကဝတ်ရုံဖြူလေးကိုသာ ထိုးဖောက်သွားမိခြင်းဖြစ်ပြီး ထိုကောင်ငယ်လေးကို မထိမိပေ။

လန့်ပြီးသတိလစ်သွားတာဖြစ်မည်။ထိုကောင်လေးသည် အိမ်ရှေ့စံ၏ မျက်ဝန်းထဲတွင်တော့ အလွန်ပင်အထူးအဆန်းဖြစ်နေခဲ့သည်။

ပြာလဲ့လဲ့ဆံနွယ်လေးတွေကို ပိုးသားအဖြူရောင်ကြိုးလေးဖြင့် တစ်ဝက်စည်းနှောင်ထားသည်။

ပြေပြစ်လှသော မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီသည်လည်း အကြည့်မလွှဲချင်လောက်အောင် မိန်းမောစရာကောင်းလှသည်။

မျက်တောင်ရှည်ရှည်တွေက မျက်လုံးမှိတ်ထားမှုကြောင့် ဆင်းကျကာပါးပြင်ပေါ်တွင်တောင် အရိပ်ထင်နေတော့သည်။

ထို့နောက်ဖြောင့်ဆင်းသော နှာတံလေးရဲ့အဆုံးသတ်မှာ မှဲ့နက်ကလေးတစ်ခုက လှပစွာတည်ရှိသည်။

ထိုမှဆက်၍ နှင်းဆီရောင်နှုတ်ခမ်းဖူးဖူးလေးနှင့် ထိုနှုတ်ခမ်းသားလေးပေါ်တွင်မှ မှဲ့ကလေးတစ်လုံးက ခပ်မှုန်မှုန်တည်ရှိနေပြန်သည်။

တကယ်ကိုပြစ်ချက်ကင်းပြီး ရှုမငြီးဖွယ်အလှအပလေးပင်

" အိမ်ရှေ့စံ သူ့ကိုဘယ်လိုလုပ်မလဲဟင်
   သေသွားတာများလား "

ဒန်းလေးကတစ်ခါတစ်လေလည်း ဒီလိုကလေးဆန်ဆန်တွေးတတ်သလားဟုတွေးမိကာ ရယ်လိုက်မိသည့် အိမ်ရှေ့စံ

" မြှားကဘယ်ကိုမှမထိတာ ဘယ်လိုကြောင့် သေရမှာလဲ ဒန်းလေးရဲ့
ဒီအတိုင်းသတိလစ်နေတာပါ "

" လှုပ်- လှုပ်နေပြီအိမ်ရှေ့စံ "

သူတို့စကားပြောနေစဥ်မှာပဲ တဖြေးဖြေးသတိရလာသည့် ထိုကြာပန်းဖြူလေး
ဟုတ်တယ် ဒီအလှလေးဟာ သူမြတ်နိုးရတဲ့ ညကောင်းကင်က လမင်းလေးလိုပဲ သိပ်ကိုလှပပြီး အေးချမ်းမှုတွေပေးတယ်။

𝕸𝖔𝖓 𝕻𝖊𝖙𝖎𝖙 𝕽𝖔𝖎 𝕯𝖗𝖆𝖌𝖔𝖓Opowieści tętniące życiem. Odkryj je teraz