#Unicode
ဂျွန်မင်းဆက်ကြီးစိုးစဥ်အခါဖြစ်သည်။
ဘုရင်ဂျွန်သည် တိုင်းပြည်သာယာဖွံ့ရေးကို ရှေးရှုပြီး သမာသမက်ကျလွန်းလှသည့် ရှင်ဘုရင်တစ်ပါးဖြစ်လေသည်။ငယ်ရွယ်ထက်မြတ်ပြီး လက်ရုံရည်နှလုံးရည်ပြည့်စုံတာမို့ ဘုရင်ဂျွန်သည် တိုင်းသူပြည်သားအပေါင်း၏ ချစ်ခင်လေးစားခြင်းကိုလည်း ခံယူရရှိသူဖြစ်သည်။
မိဖုရားမောင်းမများစွာပိုင်ဆိုင်သော်လည်း ဂျူဂျောင်းမိဖုရားကြီးသည်သာ ဘုရင်ဂျွန်၏ချစ်ခင်စုံမက်ခြင်းကိုခံရသူဖြစ်သည်။
ယနေ့တွင် သူ၏ချစ်လှစွာသော မိဖုရားကြီးနာမကျန်းဖြစ်သည်ဟူသော သတင်းစကားကြောင့် ဘုရင်ဂျွန်သည် ညီလာခံပြီးသည်နှင့် မင်းအိန္ဒြေပင်မဆယ်နိုင်စွာ အပြေးလာမိသည်။
" ဂျူဂျောင်း ဘယ်ဝေဒနာများ ခံစားနေရသလဲကွယ် "
ရှက်ရိပ်သန်းနေသော ဇနီးသည်၏မျက်နှာလေးကို မြင်လိုက်လျှင်ပဲ ထက်မြက်သည့် ဘုရင်ဂျွန်သည် အလွန်ပင်စိတ်လှုပ်ရှားရလေတော့သည်။
" မိဖုရားကြီး ကိုယ်တော့်အထင်မှန်လေသလား ဟင်
ပြောစမ်းပါဦးကွယ် "မိဖုရားကြီးသည် မင်းကြီးအား ခေါင်းလေးငြိမ့်ကာ အတည်ပြုပေးလျှင်ပဲ မင်းကြီး၏စိတ်ထဲ ကြည်နူးပီတိနှင့်အတူ မျက်ရည်ပင်ဝဲလာရတော့သည်။
သူသည် တိုင်းပြည်၏အရှင်ဘုရင်အပြင် ယခုတွင်တော့ ဖခင်တစ်ယောက်ပါ ဖြစ်ရပေတော့မည်။
" ကိုယ်တော် သိပ်ဝမ်းသာတာပဲ ဂျူဂျောင်းရယ် "
ထိုသို့နှင့် မိဖုရားကြီးသည် မင်းသားငယ်ဂျွန်ကို ဖွားမြင်တော်မူခဲ့သည်။
မင်းသားလေးမွေးသည့်နှစ်တွင်ပဲ တိုင်းပြည်သည် ယခင်ကထက်ပင် သာယာဝပျောကာ စစ်မက်ဖြစ်ပွားလိုသော တိုင်းပြည်များနှင့်ပင် မိတ်ဖက်ဖြစ်လာခဲ့ရသည်။
ဤသို့နှင့်မင်းသားငယ်ဂျွန်ဟာ တိုင်းပြည်၏ အဖိုးတန်လာဒ်ကောင်လေးဖြစ်လာရတော့သည်။
မင်းသားငယ်လေးသည် အလွန်ပင်သွက်လက်ပြီး ရွယ်တူကလေးများထက်ပင်ပိုကာ သန်မာထွားကြိုင်းသည်။
ကျန်းမာသန်စွမ်းသည်။ဉာဏ်ပြေးသည်။