ညမှောင်ရီတရောအချိန်..
အတိအကျအားဖြင့် ည၇နာရီစွန်းစွန်း ။Baek Hyun အတန်းဆင်းသည့်အချိန်ကို
သင်တန်းတိုက်အောက်မှာစောင့်နေဖြစ်သည် ။ကျွန်တော်ဒီdutyကို ယူထားသည်မှာ ၂လနီးပါးရှိလာပြီဖြစ်သည် ။
ဟုတ်ပါသည်.. ။
ပြီးခဲ့သည့်၂လ လောက်က
ကျွန်တော်SeHuneeနဲ့ ပင်လယ်ဘက်ခရီးထွက်သည့်နေ့မှာ ထူးဆန်းစွာပင် သူ့ဆီက ဖူန်းခေါ်လာခဲ့ပြီး ဒီအတောအတွင်း ကျွန်တော်ရူးလောက်အောင်လိုချင်နေခဲ့သည့် ဆန္ဒကလေးကို သူလိုက်လျောလက်ခံပေးခဲ့ပါသည် ။ကျွန်တော့်မှာ မယုံနိုင်လောက်အောင်ဖြစ်ခဲ့ရပြီး သတိကပ်မိသည့်အချိန် သူ့ကိုကျေးဇူးတင်စကားမြောက်မြားစွာ ပြောဖြစ်ခဲ့သည် ။
ဘုရားသခင်က ကျွန်တော်စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတာကို မကြည့်ရက်တော့လို့ ဖန်တီးပေးလိုက်သည့် နောက်ဆုံးအခွင့်အရေးကလေးလို့ သဘောထားလိုက်ပြီး ကျွန်တော်ထိုအခွင့်အရေးကို မြတ်မြတ်နိုးနိုးနှင့်ပင် အမိအရဆုပ်ကိုင်ခဲ့ပါသည် ။
အဲ့နေ့နောက်ပိုင်းကစလို့ သူ့ဘေးနားလေးမှာ
အမြဲကပ်တွယ်နေရင်း
ဟိုးအရင်က သူ့ကိုမျက်ရည်ကျအောင်အမြဲလုပ်ခဲ့သည့်Park Chan Yeolရဲ့ပုံရိပ်တွေနဲ့
သွေဖယ်စွာ နေထိုင်ခဲ့သည် ။မနက်မျက်စိနှစ်လုံးပွင့်တာနဲ့morning messageလေးသူ့ဆီပို့သည် ။
နေ့ခင်းစာစားဖြစ်တဲ့ ထမင်းဟင်းတွေအကြောင်းဖုန်းဆက်ပြောသည် ။
ညဆိုလဲ သူ့အသံလေးကြားချင်လို့ ဖုန်းဆက်သည် ။
အစရှိသဖြင့် ဟိူးအရင်က သူကျွန်တော့်အပေါ်ဂရုစိုက်ယုယခဲ့သမျှတွေအကုန်လုံးကို
ကျွန်တော်က တန်ပြန်ဂရုစိုက်ယုယပေးသည်။အခုဆိုလဲ သူ့ကို သင်တန်းကြိုပြီး အိမ်လိုက်ပို့ဖို့ရာ အစီအစဉ်လေးဖြစ်ပါသည် ။
အိမ်လိုက်ပို့သည့် လမ်းမှာ သူ့ဆီက အခွင့်ရရင်တော့ တစ်နေရာရာ၀င်ပြီး မုန့်စားကြဖို့က
ကျွန်တော့်ရဲ့ အပိုဆောင်းစိတ်ကူးစိတ်သန်းလေးဖြစ်သည် ။
YOU ARE READING
One Shot & mini stories
Fanfictionချစ်ခြင်းတရားတို့သည် ထိုလူသားနှစ်ယောက်အပေါ်တွင် ဖြစ်တည်သည် ။