(AN: ဒီficကပြီးခဲ့တဲ့၁လကတည်းကအပိုင်းတော်တော်များများ ရေးထားပြီးသားပါ..ficမရေးတာတော်တော်ကြာနေတဲ့လူကို welcomeလုပ်ကြတာ အရမ်းနွေးထွေးကြလွန်းလို့ double updateပေးလိုက်ပါတယ်..
မေတ္တာစာcommentလေးတွေကိုလဲ မျှော်လင့်ပါကြောင်း ......
ပျော်ရွှင်ကြပါစေ ...)နေ့လည်က ရေချိုးမှားလို့ထင်သည်။
ညနေစောင်းတော့ ခေါင်းကနည်းနည်းအုံလာကာ လူကဖျားချင်သလိုလိုဖြစ်လာသည်။
စံအိမ်ထဲက ကလေးတွေနဲ့ အပြင်ထွက်စားသောက်ဖို့ပြောထားတာတောင်ဖျက်လိုက်ရသည်။
ည၇နာရီကျော်လောက်ကျတော့ ခေါင်းကဘယ်လိုမှ မထောင်နိုင်တော့၊ အိပ်ရာ၀င်ဖို့ပြင်ရသည်။
"Baek Hyunလေး..တစ်ခုခုလိုအပ်ရင် ဖုန်းဆက်လိုက်နော်..အန်တီလာခဲ့မယ် "
"ဟုတ်ကဲ့ပါ အန်တီ.."
"ကျွန်တော့်ကိုလဲ ပြောနော်..
အပြေးလာခဲ့မယ်..""အင်းပါ.."
ခေါင်းနည်းနည်းအုံနေတယ်လို့ အကြောင်းကြားလိုက်ကတည်းက အပြေးလေးရောက်လာကြသည့် ကိုယ်ရံတော်အိုနဲ့ အိမ်အကူ အန်တီကြီး။
Baek Hyunကိုထမင်းကျွေး ဆေးတိုက်လုပ်ပေးကြပြီး အိပ်ဖို့ပါ ပြင်ဆင်ပေးကြသည်။
appaမရှိတော့သည့်နောက်ပိုင်း ဒီနှစ်ယောက်က Baek Hyunရဲ့လက်နှစ်ဖက်လို့ပြောရလောက်အောင်ပင် Baek Hyunကိုနွေးထွေးမှုအပြည့်အ၀ပေးကြသည့် လူသားနှစ်ယောက်ဖြစ်သည်။
သူတို့ခေါင်းဆောင်ကြီးဆိုသူက အိမ်ကြီးထဲမှာ ဘယ်သူ့ကိုမှ ညအိပ်ညနေ နေခွင့်မပြုတာကြောင့် ခြံထဲက သူတိူ့အိမ်ရှိရာဆီ သွားရတော့မှာဖြစ်ပေမယ့်လို့Baek Hyunကိုစိတ်မချနိုင်သည့် မျက်လုံးတွေနဲ့ ကြည့်နေကြတာကြောင့် အဆင်ပြေကြောင်း အပြုံးနဲ့ပြောပြလိုက်ကာ အခန်းထဲက အသာနှင်လွှတ်ရသည်။
ဒီလောက်အထိ အားအင်ဖြစ်ပေးကြတာကိုပင် Baek Hyun ကျေးဇူးတင်လွန်းလှပါသည်။
"Hyungတစ်ရေးနိုးရင်စားဖို့ မုန့်လာပို့ပေးထားမယ်နော်"
"အင်းပါ.."
YOU ARE READING
One Shot & mini stories
Fanfictionချစ်ခြင်းတရားတို့သည် ထိုလူသားနှစ်ယောက်အပေါ်တွင် ဖြစ်တည်သည် ။