မီးအလင်းရောင် အနည်းငယ်သာ ထွန်းလင်းထားသော အခန်းကျယ်ကျယ်ထဲ အနက်ရောင် ၀တ်စုံ၀တ်ထားသည့် လူဆယ်ယောက်ကျော်လောက်အရှေ့မှာ လူတစ်ယောက် သွေးအလိမ်းလိမ်းနှင့် အတုန်းအရုန်းလဲကျနေသည်။
သူဦးခိုက်နေရာ ရှေ့မှောက်မှာတော့ တစ်စုံတစ်ယောက်သောသူက သူ့ဆံပင်ဆံစတွေကိုဆွဲကာ မျက်နှာကိုဦးမော့စေလိုက်သည်။
"မတန်တရာ ငါ့လို လူကိုမှ မေတ္တာထားမိပါတယ် ဆိုတဲ့လူတွေပါလား...
ကြည့်ထား ..နောင်လာမယ့်လူတွေရော
Park Chan Yeolကို မေတ္တာထားမိရင် ဘာဖြစ်မလဲ ဆိုတာ ...
ခေါ်သွားကြစမ်း ...! "ပါးစောင်ကနေ သွေးစတွေအိုင်ကျနေသည့်သူကို ရွံရှာသလို မျိုး ကြည့်ပြီး တစ်ချက်လွှတ်အမိန့်ပေးလိုက်ရာတွင်
အနက်ရောင်၀တ်စုံနှင့် တပည့်တစ်ပန်းများစွာက အောက်ကြမ်းပြင်ပေါ်လဲကျနေသော လူကို အခန်းထဲကနေ ဆွဲခေါ်ထုတ်သွားကြသည်။ခေါ်ထုတ်ခံသွားရသည့် လူ၏ အပြစ်က
တစ်မိုးအောက် တစ်ယောက်
မာဖီးယားဂိုဏ်းခေါင်းဆောင်ကြီး ကိုယ့်အရှင်သခင်ကိုမှ မေတ္တာရှိမိသွားလို့ သခင်နှင့် စေ့စပ်မည့်သတင်းထွက်နေသည့် မိန်းကလေးကို အသက်အန္တရာယ် ဖြစ်သည့်အထိ အနှောင့်အယှက် ပေးခဲ့မိလို့ဖြစ်သည်။ကိုယ်ကို တိုင်ကလွဲရင် မည်သူ့ကိုမှစိတ်၀င်စားခြင်းလုံး၀မရှိသည့် Park Chan Yeolအတွက် စေ့စပ်မည့်သတင်းထွက်နေသည့် မိန်းကလေးသေသေကြေကြေ သူဂရုစိုက်မှာ မဟုတ်ပေမယ့် အဲ့မိန်းကလေးရဲ့အဖေဦးဆောင်လုပ်ပေးနေသည့် သူ့စီးပွားရေးကို တိုက်ရိုက်သွားထိခိုက်နေလျှင်တော့ သူ့ကိစ္စဖြစ်သွားခဲ့သည်။
သာမန်လူဆိုလျှင်တော့ စောစောကတစ်ယောက် နေရာမှာတင် ချက်ချင်းအသတ်ခံရမှာ ဆိုပေမယ့် ထိုသူက Park Chan Yeolကို ငါးနှစ်တာလောက်ကောင်းကျိုးပြုပေးခဲ့သူတစ်ယောက် ဖြစ်နေတော့ ကံကောင်းထောက်မပြီးသေဘေးကကင်းလွတ်ခဲ့ကာ အပြစ်ဒဏ်လောက်သာ ကျခံဖို့ အမိန့်ကျသည်။
ဆွဲခေါ်ခံသွားရသည့် လူကိုကြည့်ပြီး Baek Hyun သက်ပြင်းချမိသည်။
ဘယ်လောက်တောင် လူမဆန်အောင် နှိပ်စက်ခံရတော့မလဲ မသိ။
သူ့အစားတွေးကြည့်ရင်တောင် ကြက်သီးထပေမယ့်လဲ သူများထက် ကိုယ့်အခြေအနေသာကိုယ်ပြန်ကြည့်သင့်ကြောင်းအသိလေးကပ်လာချိန် မြင်လိုက်ရတာက
YOU ARE READING
One Shot & mini stories
Fanfictionချစ်ခြင်းတရားတို့သည် ထိုလူသားနှစ်ယောက်အပေါ်တွင် ဖြစ်တည်သည် ။