မနက်၁နာရီကျော်အချိန်....
တိတ်ဆိတ်ငြိမ်သက်ကာ အမှောင်ထုသာစိုးမိုးနေသည့် အိမ်တော်၏ အောက်ထပ် အခန်း
တစ်နည်းဆိုရလျှင် Byun Baek Hyun၏ အခန်းထဲ Chan Yeol ရောက်နေသည်။အိပ်နေရမည့်အချိန် အိပ်မပျော်ပဲ လွင့်ချင်ရာလွင့်ပြီးနောက်ဆုံး စိတ်ထဲမှာ အချိန်ပြည့်နေရာပေးထားမိသူ၏ အငွေ့အသက်တွေ ကွန်းခိုနေရာ နေရာသို့ သူ့အငွေ့အသက်တွေဖမ်းဆုပ်ဖို့ရာ ရောက်ရှိနေခြင်းဖြစ်သည်။
ဒီဆယ်နှစ်တာကာလမှာ သူ့ကိုကိုယ့်ရဲ့အခန်းထဲကိုသာ အမြဲတစ်စေ ခေါ်ဆောင်ခဲ့တာကြောင့် ဒီအခန်းတည်ရှိရာသို့ခြေဦးလှည့်ဖြစ်ခဲ့သည့်အကြိမ်အရေအတွက်ကလက်ချိုးရေလို့ရအောင်နည်းပါးလွန်းသည်။
အတ္တတွေ မိုးပေါ်တက်ခဲ့သည့်အချိန်တွေတုန်းက သူဘယ်လိုနေသည်ထိုင်သည်ဆိုတာစိတ်မ၀င်စားခဲ့ ။
အခုတော့ သူ့အခန်းထဲက အိပ်ရာခင်းအရောင်က ဘာအရောင်လဲဆိုတာကိုတောင်စိတ်၀င်တစားကြည့်တတ်ခဲ့ပြီဖြစ်သည်။
အချိန်ဆိုသည့်အရာက ကိုယ့်လိုလူတစ်ယောက်ကိုပင် ကြောက်မက်ဖွယ်ကောင်းသည့်အထိပြောင်းလဲနိုင်ခဲ့မှန်း နောက်ထပ်တစ်ကြိမ်လက်ခံခဲ့ရပြန်သည်။
/ ငယ်ငယ်တုန်းကလဲ ချစ်ဖို့ကောင်းတာပဲ ... /
လူမရှိသည့်အခန်းထဲမှာ သူ့အငွေ့အသက်တွေကို လိုက်လံဖမ်းဆုပ်ရင်းနဲ့
ကုတင်ဘေးက ခုံပေါ်မှာ တင်ထားသည့်ဓာတ်ပုံတွေဆီ စိတ်၀င်တစ်စားနဲ့ကြည့်ရှုလိုက်ရာတွင် သူတစ်ယောက်တည်းပုံတွေ...
သူငယငယ်တုန်းက သူ့အဖေနဲ့တွဲရိုက်ထားသည့်ပုံတွေကို တွေ့ရသည်။အရင်တုန်းကလဲ ဒီပုံတွေကြည့်ခဲ့ဖူးပေမယ့်ဒီတခေါက်လောက်စိတ်၀င်စားမှုမရှိခဲ့ ။
ဓာတ်ပုံတွေသာမက ဒီအခန်းထဲကဘယ်အရာကိုမှ စိတ်မ၀င်စားခဲ့ရာကနေ အခုတော့အရာအားလုံးပြောင်းပြန်ဖြစ်နေခဲ့သည်။
ကုတင်ပေါ်ထိုင်ချရင်း အိပ်ရာခင်းကိုလက်နံ့ဖွဖွထိတွေ့ဖြစ်သည်။
Byun Baek Hyunရဲ့အငွေ့အသက်တွေက လက်ဖျားကနေတစ်ဆင့် နှလုံးသားထဲအထိစိမ့်၀င်လာခဲ့သလို ။

YOU ARE READING
One Shot & mini stories
Fanfictionချစ်ခြင်းတရားတို့သည် ထိုလူသားနှစ်ယောက်အပေါ်တွင် ဖြစ်တည်သည် ။