ည ၁၁နာရီ စွန်းစွန်းအချိန် ။
ဆိုးလ်မြို့ရဲ့လမ်းမတစ်နေရာမှာ Baek Hyunကားကို အရှိန်ပြင်းပြင်းနှင့်မောင်းနှင်နေမိသည်။
ဖြစ်နိုင်ရင် မီးပွိုင့်အနီတွေကိုပါဖြတ်ဖို့စိတ်ကူးရှိပါသည်။
ဖြစ်လာသမျှပြသနာတွေကိုလဲ ဂိုဏ်းရဲ့နာမည်ကိုသုံးပြီးရှင်းမည်ဟု စိတ်ကူးထားသည်။
Baek Hyun အခုလိုကားကိုတရကြမ်းမောင်းနှင်နေရသည့် အကြောင်းရင်းကိုပြောရမည်ဆိုလျှင် ပြီးခဲ့သည့် မိနစ်ပိုင်းတစ်ချို့က SeHunဆီက ဖုန်းတစ်ကောလ်၀င်လာခဲ့ပြီးနောက်တွင် အစပြုခဲ့ခြင်းဖြစ်သည်။
အမှန်ဆိုဒီတိုင်းနေလိုက်လျှင်လဲ ရပေမယ့်
ဒီဆယ်နှစ်လုံးလူံး နွားတစ်ကောင်လိုခံခဲ့ရသမျှ အမှတ်မရှိသေးသည့်နှလုံးသားတစ်စုံဟာ
ကိုယ်အမိန့်ပေးတာကို နာခံလိုစိတ်မရှိပဲ တခြားတစ်နေရာဆီကိုသာ အလိုရှိနေတဲ့အခိုက်
ဦးနှောက်က အညံ့ခံအရှုံးပေးလိုက်ရကာ နှလုံးသားရဲ့စေစားရာကို လိုက်နေရခြင်းဖြစ်သည်။/Hyung ခေါင်းဆောင် ဆေးခတ်ခံရတယ်ထင်တယ်...partyကလဲ လူတွေများတော့ ဘယ်သူလုပ်မှန်းမသိရသေးဘူး ..
ကျွန်တော်ဟိုကောင်တွေကိုရှာခိုင်းထားတယ်..
အဲ့တာထက် ခေါင်းဆောင်ကြည့်ရတာ အဆင်မပြေတဲ့ပုံပဲ...
အသံတွေတောင်ထွက်ပြီး အော်နေရတယ်...
Hyungကိုခေါ်လိုက်ရမလား မေးတော့လဲ မခေါ်နဲ့ပဲ ပြောတယ်...ဘယ်လိုလုပ်ရမလဲ..
ကျွန်တော်ကတော့hyungအဆင်ပြေရင်လာစေချင်တယ် ..../ဖုန်းထဲကနေ ပီပီသသ ကြားလိုက်ရသည့်SeHun ရဲ့စကားသံအဆုံး Baek Hyun ခေါင်းထဲ အချက်ပြသံတစ်ချို့ချက်ချင်းဆူညံသွားခဲ့သည်။
ပြီးခဲ့သည့်၂ရက်ကမှ မလိုအပ်သည့်ဒေါသတွေထွက်ပြကာBaek Hyun မကြိုက်သည့် ပေါက်ပန်းလေးဆယ်အကြောင်းအရာတွေကို တံခါးပေါက်မတတ် တဒုန်းဒုန်းထုပြီးအော်ဟစ်သောင်းကျန်းခဲ့တာကြောင့်
မေတ္တာ ပျက်ယွင်းနေသည့် လူတစ်ယောက်အကြောင်း မမျှော်လင့်ဖူးသည့်သတင်းစကားတစ်ခုကို ရုတ်တရက်ကြားလိုက်ရတဲ့အခါBaek Hyun စိတ်တွေရှုပ်ထွေးကုန်သည်။
YOU ARE READING
One Shot & mini stories
Fanfictionချစ်ခြင်းတရားတို့သည် ထိုလူသားနှစ်ယောက်အပေါ်တွင် ဖြစ်တည်သည် ။