3 years later....,
ဆောင်း၀င်နေပြီမို့ ဒီရက်ပိုင်းတွေ သိသိသာသာအချမ်းပိုလာပြီဖြစ်သည်။
အိမ်ထဲမှာနွေးနွေးထွေးထွေး နေလို့ ရပါလျက်ခြံထဲထွက်ထိုင်ကာ မီးလှုံရင်းအရက်သောက်ကြမည်လို့အဖော်ညှ်ိလာခဲ့သည့်လူကြောင့် Baek Hyunမှာ အနွေးထည်ထူထူထဲထဲ၀တ်ပြီး တစ်သက်လုံးမှာ ငြင်းဆန်လို့မရသည့်လူ၏ အမိန့်ကို လိုက်နာနေရပြန်သည်။
ဒီနှစ်အတောအတွင်းထဲမှာ ခြံထဲက အပင်တွေကို ခုတ်သင်ရှင်းလင်းပြီး ခုံဝိုင်းတွေချထားကာ နွေရာသီညတွေဆိုရင်အဲ့ခုံဝိုင်းတွေမှာထိုင်ပြီး ကောင်းကင်ကြီးကို အတူတူမော့ကြည့်ခိုင်းပြီး ဆောင်းရာသီညတွေဆိုရင်
မီးအတူတူလှုံခိုင်းနေသည့် Park Chan Yeolက ဟိုးလွန်ခဲ့သည့်နှစ် အပိုင်းအခြားဆီက Park Chan Yeolနဲ့ ကွဲလွဲစွာပင် အရာရာတိုင်းမှာ နူးညံ့နေသည်။မျက်နှာချင်းဆိုင်ဆီကခုံဝိုင်းပုလေးမှာ ထိုင်နေပြီး Se Hun ကို အမြည်းတွေယူလာပေးဖို့ဖုန်းဆက်ပြောနေသည့်ပုံစံက
ချမ်းလို့ နှာသီးဖျားတွေအနည်းငယ်ရဲတွတ်နေပြီး စကားပြောလိုက်တိုင်း ပါးစပ်က အခိုးအငွေ့တွေထွက်နေသည်။အသက်အရွယ် အနည်းငယ်ကြီးပြင်းလာသည့်ပြယုဂ်အနေနဲ့ မျက်နှာအသွင်အပြင်က အနည်းငယ် လူကြီးဆန်လာပြီဖြစ်ပေမယ့် ခန့်ညားမှုတွေပျောက်မသွားသေးသည့် မျက်နှာက ချောမောနေဆဲဖြစ်သည်။
Baek Hyun နှလုံးသားစတင်လှုပ်ရှားခဲ့ရသည့်အချိန်တုန်းကလိုပင် ဒီလူဟာ အခုချိန်ထိတိုင်ချောမောနေဆဲဖြစ်သည်။
" ငါ့ကိုအဲ့လောက်တောင်ကြိုက်တာလား ?
မျက်တောင်တောင်မခတ်ပဲ စိုက်ကြည့်နေတာပဲ ....""........"
ဖုန်းပြောတာကို လက်စသတ်လိုက်ရင်းထုံးစံအတိုင်း အမြင်ကပ်ဖို့ကောင်းသည့်စကားတစ်ချို့ကို ပြောလာပြန်တာကြောင့် Baek Hyunနှုတ်ခမ်းကိုမဲ့ရွဲ့မိလိုက်သည်။
Baek Hyunရဲ့ကံဇာတာကိုက ဒီလူဟာမကောင်းသည့်လူလို့တွေးလိုက်မိတိုင်း တစ်ဖက်မှာ ကျ ထပ်ခါတလဲလဲ ကျရှုံးနေမိခြင်းဖြစ်သည်။
YOU ARE READING
One Shot & mini stories
Fanfictionချစ်ခြင်းတရားတို့သည် ထိုလူသားနှစ်ယောက်အပေါ်တွင် ဖြစ်တည်သည် ။