စံအိမ်တော် အောက်ထပ် ထမင်းစားခန်းထဲမှာ လူနှစ်ယောက်ထမင်းထိုင်စားနေပေမယ့် ဇွန်းသံပန်းကန်ခွက်ယောက်သံကလွဲရင် တိတ်ဆိတ်ငြိမ်သက်နေသည်။
အရင်တုန်းကလဲဒီလို တိတ်ဆိတ်ငြိမ်သက်ခဲ့ပြီး အဲ့တုန်းကတော့Chan Yeolကသူ့အရိပ်အကဲကို ကြည့်စရာမလိုပဲ သူ့ကိုဘယ်လိုအကျင့်ယုတ်ရမလဲသာ သူ့မျက်နှာကိုကြည့်ပြီးစဉ်းစားနေခဲ့သည်။
အခုတော့အရာအားလုံးပြောင်းပြန်လည်ကာ
လွန်ခဲ့သည့် ၁၀နှစ်က သူ့အဖေလက်ကိုကိုင်ဆွဲပြီးစံအိမ်တော်ပေါ်တက်လာခဲ့သည့်အညတရလူတစ်ယောက်ရဲ့ မျက်နှာရိပ်မျက်နှာကဲကြည့်နေရသည့်ဘ၀ကိုရောက်ခဲ့ပြီဖြစ်သည်။Chan Yeolကိုလုံး၀မကြည့်ပဲ ထမင်းကိုသာငုံ့စားနေသည့်ပုံစံက အရင်ကလဲ မြင်နေကျမို့သိပ်ပြီးတော့မထူးဆန်းတော့ ။
မျက်နှာ အနည်းငယ်တည်တင်းနေတာတော့သတိထားမိသည်။
မနေ့ကသူ့ကိုအိမ်ပြန်ခေါ်လာပြီးနောက်ပိုင်း ရုတ်တရက် အလုပ်ကိစ္စပေါ်လာတာမို့ ခုမနက်မှ အိမ်ကိုပြန်လာနိုင်ခဲ့ကြောင့် သူနဲ့အခုမှပဲ မျက်နှာချင်းဆိုင်တွေ့ရခြင်းဖြစ်သည်။
အရင်ကနဲ့မတူ အရာအားလုံးကိုသူဖြစ်စေချင်သည့်အတိုင်းလိုက်လျောပေးမည်ဆိုပေမယ့်လို့ မနက်ထမင်းစားချိန်နဲ့ ညထမင်းစားချိန်တွင်တော့ သူကိုယ့်မျက်နှာကိုတွေ့ချင်ချင်မတွေ့ချင်ချင် ကိုယ်နဲ့အတူတူစားဖို့ အမိန့်ထုတ်ထားသည်။
မဟုတ်ရင်တစ်အိမ်ထဲနေပြီးမျက်နှာလေးကိုတွေ့ရမည် မဟုတ် ။
အခုတောင်အတူတူရှိနေရက်သားနဲ့တစ်ချက်မှမျက်လုံး၀င့်ကြည့်မလာလေ ။
မနေနိုင်သူကိုယ်ကလဲ အဲ့မျက်လုံးတွေကိုယ့်ဆီဝေ့ဝဲလာအောင်ကြံဆောင်ရတော့သည်။
"ညကျရင် ငါ့အခန်းလာခဲ့ဦး...
အော်..
အန်တီကို နွားနို့၀ယ်ခိုင်းထားတယ်လေ အဲ့တာ ညကျ ကျိုပြီး ငါ့အခန်းထဲ လာပို့ခိုင်းတာ ...""အင်း....."
အစပြုစကားစလိုက်တော့Chan Yeolဆီ ချက်ချင်းရောက်လာသည့်မျက်၀န်းတစ်စုံ ။
YOU ARE READING
One Shot & mini stories
Fanfictionချစ်ခြင်းတရားတို့သည် ထိုလူသားနှစ်ယောက်အပေါ်တွင် ဖြစ်တည်သည် ။