"အဲ့လိုငေးကြည့်ပြီးစိတ်လွတ်နေ
မယ်ဆိုရင် အစကတည်းကအရူးမထခဲ့သင့်ဘူး....""ထတော့...ကျောင်းနောက်ကျမယ် ... !"
ကုတင်ခေါင်းရင်းဘက်ဆီက ပြတင်းပေါက်လေးကနေတစ်ဆင့် မျက်နှာချင်းဆိုင် ကနှစ်ထပ်တိုက်ကြီးဆီငေးမောကြည့်ရှုနေတုန်း နားထဲကို ၀င်လာတာက ဘေးကုတင်က အငယ်ကောင်ရဲ့အသံ ။
လှည့်ကြည့်လိုက်တော့ Baek Hyun မတ်တပ်ရပ်နေတဲ့ဘက်လှည့်အိပ်နေကာ အစ်ကိုကို လှောင်ပြောင်သရော်နေတဲ့အကြည့်နဲ့ကြည့်ပြီး မနက်ချိန်ခါ တေးသံသာလေးနဲ့ နှုတ်ခွန်းဆက်သနေတာကိုတွေ့လိုက်ရသည်။
ကုတင်ပေါ်ကအသင့်အနေအထားရှိနေတဲ့ခွလုံးကိုယူကာ မျက်နှာတည့်တည့်ပစ်ပေါက်ပေးလိုက်သည်။
အိမ်ကိုမရောက်တာ ကြာတဲ့အစ်ကိုကို မျက်နှာပြောင်ချင်ဦး ။
မျက်စောင်းတစ်ချက်ပိတ်ထိုးပေးလိုက်တော့မှ နာသွားတဲ့မျက်နှာကို လက်တွေနဲ့ပွတ်သပ်ကာ ကုတင်ပေါ်ကထပြီး ရေချိုးခန်းထဲ၀င်သွားသည်။
ရေချိုးခန်းထဲရောက်သွားသည့်အထိ Baek Hyunကတော့မျက်စောင်းတွေတစ်သီကြီးပိတ်ထိုး ပေးနေလိုက်သည်။
နောင်တတွေရနေပါပြီဆိုသည့်လူကို ငိုချင်ရက်လက်တို့ဖြစ်အောင် မနက်စောစော အငေါ်တူးနေတာ ဒီကောင် ။
ရေချိုးခန်းတံခါးပိတ်သံထွက်လာမှ Baek Hyun မျက်လုံးတွေရေချိုးခန်း တံခါးရှိရာကနေ အိမ်ရှေ့တိုက်ဆီပြန်လည် အကြည့်ပို့မိသည်။
မနက် ၆နာရီ ၄၀ ။
နောက်ထပ်နာရီပိုင်းအတွင်းမှာ သက်၀င်လှုပ်ရှားလာတော့မည့် နေရာတစ်ခု။
အောက်ထပ် မှာ ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်ကြီးက ဟိုးအရင်တုန်းကဒီဇိုင်းကိုပဲ အသစ်ပြန်လုပ်ထားသည်ထင်။
/ Park Family Chicken ....../
ဆိုင်းဘုတ်က စာကို တစ်ချက်ဖတ်မိတော့စိတ်တွေက ဟိုးအရင်အတိတ်ကို ပြန်လည်ရောက်ရှိသွားခဲ့သည်။
ဘ၀တစ်ခုလုံးရဲ့အမှတ်တရတွေတည်ရှိရာ နေရာ ။
အဲ့အမှတ်တရတွေကနေ ထွက်ပြေးဖို့ဆုံးဖြတ်ခဲ့တဲ့နေရာ ။

YOU ARE READING
One Shot & mini stories
Fanfictionချစ်ခြင်းတရားတို့သည် ထိုလူသားနှစ်ယောက်အပေါ်တွင် ဖြစ်တည်သည် ။