Hyung ( Ver.2)- Part -1

893 93 13
                                    

အချစ်ဆိုတဲ့အရာကို ခင်ဗျားတို့ဘယ်လိုအဓိပ္ပာယ်ဖွင့်ကြလဲ ?

ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ ကိုယ်ကလိုက်လေ သူကပြေးလေ ဆိုတာမျိုး ။
အဲ့လိုဆိုတိုင်းလဲ ပြေးသည့်အဆင့်တောင်ရောက်တယ်မဆိုသာပဲ ဘာမှ တုံ့ပြန်မှုမရသည့်ပတ်သက်မှု မျိုးဆိုရင် ပိုမှန်မလား ။

ကိုယ့်ဘက်က ချစ်ကြောင်းတွေအသေအလဲ ဖွင့်ထုတ်ပြပေမယ့် သူကတော့ မျက်စိနဲ့နားကန်းနေသည့်လူလို မျက်စိစုံမှိတ်နားပိတ်ပြီး ကိုယ့်အချစ်တွေကိုမသိချင်ယောင်ဆောင်သည်။

အဲ့လူကိုစတွေ့ဖူးတာက Baek Hyun USကပြန်ရောက်ပြီး နောက်တစ်နေ့မှာဖြစ်သည်။

အိမ်တော်ရဲ့ကိစ္စအ၀၀ကို တာ၀န်ယူရတော့မည့်ဒုတိယခေါင်းဆောင်တစ်ယောက်အနေနဲ့ လုပ်ဆောင်ရမည့် တာ၀န်တွေကို ထမင်းစားသောက်ရင်း appaက ရှင်းပြနေခဲ့ချိန်ဖြစ်သည်။

" သား နှုတ်ဆက်လိုက်ဦး...
ဒါက Chan Yeol တဲ့...
သားထက်၆နှစ်ကြီးတယ်..အဖေပြောပြထားတဲ့ အဖေတို့အိမ်တော်ရဲ့အိမ်‌‌ေတာ်ထိန်းလေ..
နောက်ဆို Chan Yeolကပဲ ငါ့သားကို အလုပ်တွေအကုန်သင်ပြလိမ့်မယ် ..."

"မဂ်လာပါ အစ်ကိုလေး...
Park Chan Yeolလို့ခေါ်ပါတယ် ...."

Appaပါးစပ်ကနေ အိမ်တော်ထိန်း Park ဆိုသည့် အမည်နာမတစ်ခုအမြဲတစ်စေ ကြားဖူးနေရာကနေ

မျက်စိရှေ့ရောက်လာသည့် အမည်းရောင်ရှူးဖိနပ်တစ်စုံကြောင့် မျက်လုံးအသာလေးလှန်၍ ကြည့်လိုက်ရာတွင်

ဝါးလက်စ ထမင်းလုတ်က လည်ချောင်းထဲ သီးချင်သွားတာကို မနည်း ဖြေလျှော့လိုက်ရသည်။

Appaကသေချာပေါက် အိမ်တော်ရဲ့အိမ်တော်ထိန်း လို့မိတ်ဆက်ပေးလိုက်တာဆိုပေမယ့် Baek Hyun စိတ်ထဲ ရုပ်ရှင် မင်းသားများလားလို့ထင်မှတ်လိုက်ရသည့် ရုပ်ရည်ပိုင်ရှင်မျိုးကို မျက်စိရှေ့မှာတွေ့လိုက်ရသည်။

USမှာ အဖြူကောင်လေး၊ ကောင်မလေးတွေအမျိုးမျိုးတွေ့လာခဲ့ပေမယ့် ဒီလူက တစ်ဆိတ်တော့ first impression မှာ တင် သူ့အကြောင်းတွေ ထပ်သိချင်သွားအောင် လုပ်နိုင်သည့်လူဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: May 08, 2023 ⏰

Add this story to your Library to get notified about new parts!

One Shot & mini storiesWhere stories live. Discover now