Heart-Broken Diary

1.7K 131 3
                                    

Unicode

မိုးရေစက်တွေ ရွာသွန်းနေသည့်အသံဖွဲဖွဲ ကြောင့် ChanYeol အိပ်ရာမှ နိုးလာခဲ့သည် ။

အချိန်ကြည့်တော့ ညနေလေးနာရီခွဲ။

ဒီနေ့အလုပ်ပိတ်ရက်မို့ မနက်ကတည်းက တနေကုန်အိပ်နေတာ အခုမိူးရွာမှ နိုးသည် ။

အိပ်ရာနဲ့ပြတင်းပေါက်က ကပ်လျက်အနေအထားလေး ဖြစ်နေပြီး ပြတင်းပေါက်နဲ့နီးကပ်နေလွန်းတာကြောင့် အိပ်ရာကနေနိုးရတဲ့အထိ

မိုးပေါက်ကျသံတွေကို အတိုင်းသားကြားနေရသည် ။

မိုးကိုချစ်မြတ်နိုးသူဖြစ်တာကြောင့်ကိစ္စတော့မရှိ ။

ပိတ်ထားတဲ့ ပြတင်းပေါက်မှန်အပြင်ဘက်မှာ အရှိန်မှန်မှန်လေး ရွာနေသည့်မိုးစက်တွေကို သဘောတကျလေး ကြည့်နေမိသည် ။

"ဒီလိုရာသီဥတုမျိုးက ခေါက်ဆွဲပြုတ် စားရမှာပဲ "

ဒီလိုမျိုး မိုးလေးညိုလာရင် ကော်ဖီ ဒါမှမဟုတ် ပူပူစပ်စပ်အရသာရှိတာလေး တစ်ခုခုစားလေ့ရှိတာကတစ်ကြောင်း

မနက်စာစားပြီးကတည်းက အိပ်နေခဲ့တာမို့ ဟာနေပြီဖြစ်တဲ့ဝမ်းကြောင့်တစ်ကြောင်း ခြေထောက်တွေကို မီးဖိုခန်းရှိရာဆီ ဦးတည်ဖြစ်လိုက်သည် ။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ omma လာပို့ပေးထားသည့် ကင်မ်ချီလဲရှိသည့်အပြင် ကြက်အူချောင်းတွေဝယ်ထားတာလဲ အသင့်ရှိသေးသည် ။

ခေါက်ဆွဲပြုတ် ရှူးရှဲရှူးရှဲ ကို မိုးအေးအေးလေးမှာ ပူပူစပ်စပ်လေးစားပစ်ဦးမည် ။

/ငါနင့်ကိုပြမယ်...နင်နဲ့လမ်းခွဲပြီးနောက်ပိုင်း ငါဘယ်လောက်ထိ ပိုလှလာတယ်ဆိုတာ ကို..! /

"အမ်...!? သီချင်းဆိုနေတာလား..?

ဟိုဘက်အိမ်က...?"

ခေါက်ဆွဲပြုတ် ဖို့ ဆိုပြီး မီးဖိုခန်းထဲ ဝင်လာတော့ ကြားလိုက်ရတဲ့သီချင်းသံသဲ့သဲ့...။

Chan Yeol အိမ်အသစ်ပြောင်းထားတာ တစ်ပတ်လောက်ရှိပြီဆိုပေမယ့်လို့ ဟိုဘက်အိမ်မှာ လူရှိလားမရှိလားသတိမထားမိခဲ့..။

အိမ်ပြောင်းတဲ့နေ့က omma တို့ noona တို့ လာပြောင်းပေးတဲ့အပြင် ဒီတစ်ပတ်လုံး အလုပ်သွားနေရတာမို့ ဘေးပတ်ဝန်းကျင်ကို စိတ်မဝင်စားအားသေး..။

One Shot & mini storiesWhere stories live. Discover now