Toxic 4

839 99 6
                                    

ပိန်းပိတ်အောင်မှောင်နေသည့် အမှောင်ထုလေဟာနယ်ထဲ Baek Hyun ခန္ဓာကိုယ်ဦးတည်ချက်မရှိ လွင့်မြောနေသည်။

ဘယ်ဆီရောက်လို့ ဘယ်ကမ်းကိုကပ်မည်မသိ ဒီတိုင်း ဦးတည်ရာမဲ့ မျောချင်ရာ မျောနေသည်။

လွတ်မြောက်ရာလမ်း ကိုရှာဖွေဖို့ဆိုတာကလဲ မည်းမှောင်နေလွန်းသဖြင့် ကိုယ့်ခန္ဓာကိုယ်တောင် မမြင်နိုင်သည့်အခြေအနေ။
လွတ်လမ်းဆိုတာ ဗလာနတ္တိဖြစ်လို့နေသည်။

ထိုအတိုင်းသာ အဓိပ္ပာယ်မရှိ မျောလွင့်နေရသည်။

ကိုယ့်ကိုကိုယ်သေလူလို့သာ သတ်မှတ်ထားရင်းနဲ့ ကံစီမံရာအတိုင်း လို့သာ တွေးမှတ်ထားရင်းပဲ လေဟာနယ်ထဲ Baek Hyunခန္ဓာကိုယ် အဓိပ္ပာယ်မရှိ သည်အတိုင်းမျောလွင့်လာခဲ့တာ အချိန်တွေဘယ်လောက်ကြာသွားသည်မသိ။

မျက်ရည်တွေလဲကျရလွန်းလို့မျက်လုံးတွေတောင် ဖောင်းအစ်ပေါက်ကွဲထွက်မတတ်ဖြစ်နေရသည်။

ထိုအချိန် အလွန်ကျယ်လောင်ထူးဆန်းသောပေါက်ကွဲသံကြီးကြားလိုက်ရသည်နဲ့အတူ Baek Hyunခန္ဓာကိုယ် တစ်ခုခုနဲ့အရှိန်ပြင်းစွာ ၀င်တိုက်မိသည်ကို ခံစားလိုက်ရသည်။

အဲ့ဒီနောက်မှာတော့ လေဟာနယ်ကြီးတစ်ခုလုံးပိန်းပိတ်အောင်မှောင်နေရာကနေ Baek Hyunမျက်လုံးတစ်ခုလူံးစူးသွားသည့်အထိ အလင်းရောင်တန်းတွေ တိုးယှက်၀င်ရောက်လာကြသည်။

အလင်းရောင်တန်းတွေကြားကနေ တစ်ဖြည်းဖြည်း ကြည်လင်စွာ မြင်လိုက်ရတာက Baek Hyunဤကမ္ဘာပေါ်မှာ မမြင်ချင်ဆုံးလူ၏ပုံရိပ်။

အသိနဲ့သတိပြန်ကပ်မိလိုက်တော့ စောစောက မဲမှောင်နေသည့်လေဟာနယ်ထဲရောက်နေတာက Baek Hyunအိပ်မောကျပြီး ကယောင်ကတမ်းတွေမြင်နေခဲ့တာဖြစ်ပြီး ရုတ်တရက် လန့်နိုးကာ မျက်လုံးထဲကိုအလင်းရောင်တန်းတွေတိုးယှက်၀င်ရောက်လာပြီးဟိုလူကိုမြင်လိုက်ရတာက လက်တွေ့ဘ၀ ဖြစ်နေသည်။

ရင်းနှီးနေသည့် အဲ့ဒီလူ၏အခန်း....
အဲ့ဒီလူ၏ ကုတင်ပြင်ကျယ်ကြီး....

အဲ့ကုတင်ပြင်ကျယ်ကြီး၏အရှေ့ကအလုပ်စားပွဲမှာအလုပ်ထိုင်လုပ်နေသည့်လူ ..။

One Shot & mini storiesWhere stories live. Discover now