မျက်စိရှေ့မှာ လှုပ်ရှားသမှုပြုနေသည့် ပုံရိပ်ကလေးကိုChan Yeol မျက်ေတာင်မခတ်တမ်းလိုက်ကြည့်နေမိသည်။
အလုပ်ကိစ္စအပြင်သွားမှာမို့ Chan Yeol အကျီအ၀တ်အစား၀တ်တာကို ပြင်ဆင်ပေးပြီးသည့်နောက် necktieကို ပါစည်းပေးစေတော့Chan Yeolအမိန့်အတိုင်း necktieကိုစည်းပေးနေသည့်သူ ။
Necktieကိုသာ အကြည့်ပို့ထားပြီး Chan Yeolကိုတစ်စက်မှ မော့မကြည့်။
သူ့အလုပ်ကိုသူအာရုံစိုက်နေသည်။
အရင်ကလဲဒီလိုအချိန်တွေဆို အပေါ်စီးကမြင်ရသည့် မျက်နှာလှလှကလေးကို အသေအချာစူးစိုက်ကြည့်ခဲ့ဖူးသည်။
သဘောကျသည့်ခံစားချက်တွေ ရင်ထဲမှာခံစားဖူးသည်။
အခုလဲ ထိုခံစားချက်တွေ ရင်ထဲမှာ ထပ်တူကျစွာဖြစ်ပေါ်နေကြသည်။
Byun Baek Hyun ရဲ့ကြည့်ကောင်းပုံကြည့်ကောင်းနည်းက ကိုယ်တွေနဲ့မတူ ။
တစ်စိမ့်စိမ့်ကြည့်ရင်း ရင်ခွင်ထဲထွေးပွေ့ကာ ကြင်ကြင်နာနာနမ်းရှိုက်ချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာသည့် မြတ်နိုးဖွယ်ရာ မျက်နှာပေါက်မျိုးပင် ။
မှုန်နေအောင်ချောတာမျိုးမဟုတ်ပေမယ့်
အကြည့်ခံသည့် မျက်နှာကလေးဖြစ်သည်။
အတူတူနေသည့်အချိန်တွေဆိုရင် တော်တော်လေး sexyကျသွားသည့်မျက်နှာပေးကတော့ဒီကမ္ဘာပေါ်မှာ Chan Yeol အနှစ်သက်ဆုံးသော အရာတစ်ခု ဟု ၀န်ခံရမည်ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက
ကလပ်မှာ ဆေးခတ်ခံလိုက်ရသည့်ကိစ္စတွင် Chan Yeol မခေါ်ရပါပဲနဲ့ သူ့ဘာသူကလပ်ကိုရောက်ချလာပြီး သူ့ဆန္ဒနဲ့သူ Chan Yeolကိုလိုလိုချင်ချင် ပေးဆပ်လာခဲ့သည့် ညချမ်းသမယလေးအကြောင်းကို တွေးမိလိုက်တော့
Chan Yeolပြုံးမိသည်။ပြီးခဲ့သည့် ဆယ်နှစ်လုံးလုံးမှာ နေ့နေ့ညည ထိတွေ့လာခဲ့သည့် လူနှစ်ယောက်က
ဒီ၂လအတောအတွင်းလုံး၀မထိတွေ့ဖြစ်ရာကနေ ပထမဆူံးအကြိမ်အဖြစ် ပြန်လည်ထိတွေ့ဖြစ်လိုက်ကြသည့်အချိန်
အရင်အချိန်တွေတုန်းကထက်တောင် အဆင်ပြေပြေဖြတ်သန်းနိုင်ခဲ့ကြသည်။
YOU ARE READING
One Shot & mini stories
Fanficချစ်ခြင်းတရားတို့သည် ထိုလူသားနှစ်ယောက်အပေါ်တွင် ဖြစ်တည်သည် ။