10 years ago.,
Baek Hyun ရင်တွေ အသည်းအသန်ခုန်နေသည်။
ကြောက်လဲကြောက်နေမိသည်။ဘ၀မှာ ပထမဆုံးအကြိမ်ဖြစ်တည်လာသည့် ရင်ခုန်သံလေးကို သက်ဆိုင်သူအရှေ့ဖွင့်ချပြဖို့စိတ်ကူးထားတာမို့ ရင်တုန်နေရသည်။
သူလက်ခံလျှင် Baek Hyun ပျော်ရမည်။
လက်မခံရင်တော့ သူများတကာတွေလို အနည်းငယ်အရှက်ရရုံနှင့် ပြီးသွားမည် မဟုတ်ပဲ
Baek Hyun ချစ်မိသည့် သူက ဂုဏ်ရှိန်ဂုဏ်ဝါခပ်မြင့်မြင့်နှင့် မာဖီးယားဂိုဏ်းခေါင်းဆောင်၏ သားဖြစ်နေတာမို့ ရှင်ရင် ရွှေထီး သေရင် မြေကြီးဆိုသည့် သဘောအရ
Baek Hyun သေ မည်ဖြစ်သည်။တကယ်လို့BaekHyun သေရမည်ဆိုရင်တောင်မှ Baek Hyun ချစ်တာ သူသိသွားတာမို့ သေရကျိုးနပ်သည်ဟု တွေးကာ
ရူးရူးမိုက်မိုက်နှင့် ဖွင့်ပြောဖို့လုပ်နေခြင်းဖြစ်သည်။အခုရက်ပိုင်း ကျောင်းမှာ သူနဲ့ သူတို့အတန်းထဲက Mi Jungတွဲနေကြသည်လို့
သတင်းထွက်နေကာ နှစ်ယောက်သားတွဲသွားတွဲလာလုပ်နေကြသည်ကိုမြင်ပြီးBaek Hyun
နှလုံးသားလေး တော်တော် အဆင်မပြေဖြစ်နေတာကြောင့်သူ့ဘေးနားမှာ အလုပ်အကျွေးပြုနေရသည့်လူတစ်ယောက်အနေနဲ့ အဆင့်အတန်းမထိုက်တန်စွာ
ဤကဲ့သို့ မေတ္တာစကားတွေကို ထုတ်ပြောဖို့ကြံစည်မိနေခြင်းဖြစ်သည်။အရှေ့တူရုမှာ ဖုန်းထိုင်သုံးနေသည့်
မျက်စိမလွှဲချင်လောက်အောင်လှပနေသော သခင်ကို ကြည့်ပြီး Baek Hyun လက်ထိပ်တွေအချင်းချင်းကုတ်ခြစ်နေမိသည်။သည်လူသားကို စတွေ့သည့်နေ့ကတည်းကတိတ်တခိုးချစ်ခဲ့ရတာ တစ်နှစ် ရှိခဲ့ပြီဖြစ်သည်။
"အစ်ကိုလေး "
"ဘာလဲ "
"အစ်ကိုလေးကို ပြောစရာရှိလို့ "
"ပြောလေ "
သခင်သုံးဆောင်ဖို့ကော်ဖီခွက်လေး ရှေ့တော်မှောက်ချပေးလိုက်ရင်း အခေါ်တော်ပါးလိုက်တော့ ဖုန်းသုံးနေရာကနေ မျက်လုံးတစ်ချက်၀င့်ကြည့်လာသည်။
Baek Hyun လက်တွေအချင်းချင်းသည်းသည်းထန်ထန်ကုတ်ခြစ်နေမိသည်။
မျက်လုံးဝိုင်းဝိုင်းတွေထဲမှာ မာန်မာနတရားတွေ အပြည့်လွှမ်းခြုံနေသည့်ဟန်ပန်က သိပ်ကိုရှိန်ဖို့ကောင်းလွန်းနေတာကြောင့် မေတ္တာစကားလေးတစ်ခွန်းပြောထွက်ဖို့ရာ Baek Hyun ရှိန်နေမိသည်။
YOU ARE READING
One Shot & mini stories
Fanficချစ်ခြင်းတရားတို့သည် ထိုလူသားနှစ်ယောက်အပေါ်တွင် ဖြစ်တည်သည် ။